ငွေပေးချေမှုဖြစ်စဉ်မှာပါဝင်ပတ်သတ်ကြသူများ
ကဒ်ဖြင့် ငွေပေးချေမှုပြုလုပ်နိုင်ဖို့ ပါဝင်ပတ်သတ်သူများကို တူရာတူရာ အုပ်စုဖွဲ့ရမယ်ဆိုရင် ဆိုပြီး အကြမ်းဖျင်း ၆မျိုး ခွဲခြားသတ်မှတ်လို့ရပါတယ်။ ကဒ်ကိုင်ဆောင်သူ cardholder ဆိုတာကတော့ သက်ဆိုင်ရာဘဏ်၊ ငွေကြေးအဖွဲ့အစည်းတစ်ခုခုကနေ ကဒ်လျှောက်ထား ကိုင်ဆောင်ပြီး အဆိုပါကဒ်ဖြင့် ငွေကြေးဝန်ဆောင်မှုများ အသုံးပြုမည့်သူဖြစ်ပါတယ်။ ကဒ်ထုတ်ဝေသူ card issuer ဆိုတာ ကတော့ ဘဏ်သော်လည်းကောင်း၊ ငွေကြေးအဖွဲ့အစည်းတစ်ခုခုသော်လည်းကောင်း ကဒ်ထုတ်ဝေသည့် မည်သည့် အဖွဲ့အစည်းကိုမဆို card issuer လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဘဏ်တွေကသာ ကဒ်ထုတ်ဝေနိုင်တာမဟုတ်ဘဲ သက်ဆိုင်ရာ ဗဟိုဘဏ်တွေကသာ ခွင့်ပြုလျှင် ဘဏ်မဟုတ်သည့် အဖွဲ့အစည်းများကလည်း ငွေပေးချေမှုကဒ်များ ထုတ်ဝေနိုင်ပါတယ်။ ငွေပေးချေမှုလက်ခံသူ card acceptor သို့မဟုတ် merchant ဆိုတာကတော့ အလိုအလျှောက်ငွေထုတ်စက် ATM စက်ဖြင့်ဖြစ်စေ၊ ငွေပေးချေမှုစက် POS ဖြင့်ဖြစ်စေ၊ […]
ငွေပေးချေမှုဖြစ်စဉ်မှာပါဝင်ပတ်သတ်ကြသူများ Read More »