“Payment Essentials : ငွေပေးချေမှုများအကြောင်းမိတ်ဆက်” စာအုပ်

Payment Essentials : ငွေပေးချေမှုများအကြောင်းမိတ်ဆက် (Aung Thu Htet)

မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေ တော်တော်များများ ရှိလာသော် လည်း Payment Industry ထဲမှာတော့ လေ့လာစရာ စာအုပ်များများစားစား မထွက်ခဲ့ပါ။ အဲ့ဒါကြောင့် ”Payment Essentials : ငွေပေးချေမှုများအကြောင်းမိတ်ဆက်” စာအုပ်ကို ရေးခဲ့တာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ငွေပေးချေမှုရဲ့ အခြေခံ သဘောတရားက အစပြုလို့ မတူညီတဲ့ ငွေပေးချေမှု Payment System Models တွေနဲ့၊ ကဒ်ဖြင့် ငွေပေးချေမှု အကြောင်းတွေ၊ Payment Security အကြောင်းနဲ့ ငွေကြေးဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်နည်းတွေ၊ လုပ်ဆောင်ရမှာတွေကို တော်တော်လေး စုံစုံလင်လင် ရေးပေးထားပါတယ်။ အခြားသော Alternative Payment နည်းစနစ်တွေဖြစ်တဲ့ ဖုန်းဘေလ်ကနေ ငွေပေးချေတဲ့ DCB ၊ Internet/Mobile Banking တွေ၊ Digital Wallet တွေနဲ့ MMQR ရဲ့ ဖြစ်ပေါ်လာနိုင်မယ့် အလားအလာတွေကိုလည်း ရေးပေးထားပါတယ်။ အရင်ရက်က တင်ပေးခဲ့တဲ့ ‌ဆောင်းပါးကိုလည်း လိုတိုး ပိုလျှော့ ပြန်ပြီး edit လုပ်ပေးထားပါတယ်။ ဆောင်းပါအသစ်တွေလည်း ထပ်ဖြည့်ထားပေးပါတယ်။ ဒီလောက်ဆိုရင်တော့ Payment Industry ကို ဝင်ရောက်လာမယ့် လူငယ်တွေအတွက်ရော၊ ငွေပေးချေမှု Payment အကြောင်းကို စိတ်ဝင်စားတဲ့ သူတွေအတွက်ပါ အစပြုနိုင်ဖို့ရာ အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။

ဒီစာအုပ်က ငွေပေးချေမှုနည်းစနစ်တွေအကြောင်း Payment Industry အကြောင်း မိတ်ဆက်စာအုပ် ဖြစ်ပါတယ်။ မကြာခင်မှာ Card Payments System တွေ အကြောင်း Specialize လုပ်ပြီး ရေးပေးထားမယ့် အသေးစိတ်စာအုပ် ဆက်ပြီး ထွက်လာဖို့လည်းရှိပါတယ်။ နောက်စာအုပ်ကျရင်တော့ Payment Card Industry ကို ဝင်ရောက်လာမယ့် လူငယ်တွေ၊ လက်ရှိ Industry ထဲမှာ Career ကို အစပြုနေတဲ့ လူငယ်တွေအတွက် အသုံးဝင်ပြီး Professional Level အထိရောက်အောင် တွန်းတင်ပေးနိုင်လောက်အောင် လိုအပ်မယ့်အကြောင်းအရာတွေကိုပါ Technical Management ရှုထောင့်ကနေရော၊ Product Management ၊ Performance Management နဲ့ Operation Management ရှုထောင့်တွေကပါ အသေးစိတ် ရေးပေးမှာဖြစ်ပါတယ်လို့ သတင်းကောင်းလေး ပေးထားချင်ပါတယ်။ မကြာခင်မှာ ထွက်ပါလိမ့်မယ်။

Payment Essentials စာအုပ်ကို ဒီကနေ Download ယူလို့ရပါပြီ။

Scroll to Top