
Card Payments Professional eBook Pre-Order
Info Box
ကဒ်အသုံးပြုသူတစ်ယောက်အနေနဲ့ ငွေပေးချေမှု ကဒ်တွေ ဘယ်လိုအလုပ်လုပ်သလဲ သိချင်ပါသလား။ ATM ၊ POS နဲ့ E-commerce System တွေ အလုပ်လုပ်ပုံကို စိတ်ဝင်စားတာလား။ မိမိတို့ဆိုင်မှာနဲ့ E-commerce App တွေမှာ ငွေပေးချေမှုတွေ လက်ခံလိုပါသလား။ Bank တွေ၊ Payment Solution ကုမ္ပဏီတွေနဲ့ Fintech တွေမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် ထိထိရောက်ရောက် လုပ်ကိုင်လိုပါသလား။
မကြာခင်မှာ အားလုံးစိတ်ဝင်စားနေတဲ့ “Card Payments Professional” စာအုပ်ထွက်လာပါတော့မယ်။
စာအုပ်ထဲမှာ…
✅ ငွေပေးချေမှုကဒ်တွေရဲ့ သမိုင်းကြောင်း၊ နည်းပညာနဲ့ အလုပ်လုပ်ပုံ သဘောတရားတွေ
✅ Card Management System ၊ Payment Switch ၊ Payment Gateway အပါအဝင် ဆက်စပ်စနစ်တွေရဲ့ အလုပ်လုပ်ပုံတွေ
✅ Authorization ၊ Clearing ၊ Settlement အစရှိသဖြင့် ငွေပေးချေမှုရဲ့ End-to-End သဘောတရားတွေ
✅ EMV ၊ PCI DSS ၊ 3D Secure ၊ Tokenization နဲ့ Fraud Detection လုပ်နည်း၊ ကာကွယ်နည်းတွေ
✅ ကဒ်စနစ်ရဲ့ ဘာသာစကားဖြစ်တဲ့ ISO 8583 Messaging Standard အကြောင်းနဲ့ Message ဖတ်ရှုနည်းတွေ
✅ အငြင်းပွားမှု Dispute နဲ့ Chargeback တွေ ကိုင်တွယ်ဖို့အတွက် သိထားရမယ့် နည်းဗျူဟာတွေ
✅ Payment System တွေရဲ့ Performance တွက်ချက်နည်းနဲ့ Optimize လုပ်နည်းတွေ
✅ Ever Changing ဖြစ်နေတဲ့ Payments Industry မှာ အမြဲမျက်ခြေမပြတ်ဖို့ မဖြစ်မနေ သိထားရမယ့် အကြောင်းအရာများစွာ
အစရှိသဖြင့် Card Payments Professional တစ်ယောက်ရဲ့ လမ်းခရီးမှာ အသုံးတည့်မယ့် အကြောင်းအရာတွေကို Case Studies များစွာနဲ့ ပြည့်ပြည့်စုံစုံ ရေးထားပါတယ်။
ဒီစာအုပ်က Card Payments Domain နဲ့ ထိတွေ့ အလုပ်လုပ်ကိုင်နေကြသူ ပရော်ဖက်ရှင်နယ်တွေအတွက်သာ မဟုတ်ပါဘူး၊ ငွေပေးချေမှုကို မိမိတို့ဆိုင်မှာ POS နဲ့လက်ခံမယ့် Merchant တွေ၊ Online မှာ E-commerce အနေနဲ့ လက်ခံမယ့် Merchant တွေသာမက နေ့စဉ်လူမှုဘဝမှာ ကဒ်အသုံးပြုငွေချေကြတဲ့ End User တွေအတွက်ပါ စိတ်ဝင်စားစရာကောင်းအောင်၊ အသုံးတည့်အောင် စာမျက်နှာ ၃၀၀ကျော်နဲ့ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။
လောလောဆယ်မှာ eBook အနေနဲ့ အရင်ဆုံးထွက်ပါမယ်။
Share this:
- Click to share on Facebook (Opens in new window) Facebook
- Click to share on Telegram (Opens in new window) Telegram
- Click to share on WhatsApp (Opens in new window) WhatsApp
- Click to share on X (Opens in new window) X
- Click to share on LinkedIn (Opens in new window) LinkedIn
- Click to email a link to a friend (Opens in new window) Email