Day 1 – Digital Payment အားလုံးအတွက် မရှိမဖြစ် အင်္ဂါရပ်-၅-ချက်

ကတ် (card) ၊ QR ၊ wallet နဲ့ ဘယ် digital payment မှာမဆို အရေးကြီးတဲ့ အင်္ဂါရပ်-၅-ချက် ရှိပါတယ်။ အဲ့ဒီထဲက တစ်ခုခု မပြည့်စုံတာနဲ့ ငွေပေးချေမှု လုပ်ဆောင်နိုင်မှာ မဟုတ်ပါ။

(၁) A valid payment instrument
ငွေပေးချေဖို့အတွက် အမှန်တကယ် အသုံးပြုနိုင်တဲ့ ကတ်အချက်အလက် (card details) ၊ wallet balance ၊ ဘဏ်အကောင့် (bank account) အစရှိသဖြင့် payment instrument တစ်ခုခုရှိရပါမယ်။

(၂) A channel to capture the request
ငွေပေးချေမှုဆိုင်ရာ အချက်အလက် (payment data) တွေကို ရယူပို့ဆောင်ဖို့အတွက် POS terminal ၊ QR scanner ၊ mobile app ၊ e-commerce website/app အစရှိသဖြင့် channel တစ်ခုခု လိုအပ်ပါတယ်။

(၃) A processor to route the transaction
ရရှိထားတဲ့ အချက်အလက်တွေကို စစ်ဆေးပြီး သက်ဆိုင်ရာစနစ်ဆီကို ပို့ဆောင်ပေးမယ့် ဘဏ် (bank) ၊ payment gateway ၊ payment switch အစရှိသဖြင့် လိုအပ်ပါတယ်။

(၄) A decision from the payer’s side
ကတ်ထုတ်ဝေသူ (issuer) ၊ wallet provider အစရှိတဲ့ သက်ဆိုင်ရာစနစ်တွေကနေ ငွေပေးချေမှုကို “လက်ခံတယ်” (approve) သို့မဟုတ် “ငြင်းပယ်တယ်” (decline) ဆိုပြီး အတည်ပြု ဆုံးဖြတ်ပေးရပါတယ်။

(၅) A settlement path
ငွေပေးချေမှု အောင်မြင်ပြီးနောက်မှာတော့ ကုန်သည် (merchant) အတွက် အမှန်တစ်ကယ် ငွေကြေးလက်ခံရရှိနိုင်ဖို့ ညွှန်ကြားချက် (instructions) တွေ ထားရှိလုပ်ဆောင်ပေးရပါတယ်။

ဒီအင်္ဂါရပ်-၅-ချက်ကို သိထားမယ်ဆိုရင် ဘယ်ငွေပေးချေမှုနည်းလမ်းအတွက်မဆို payment flow တစ်ခုလုံး ဘယ်လိုအလုပ်လုပ်သွားသလဲဆိုတာကို အလွယ်တကူ သဘော‌ပေါက်နိုင်ပါလိမ့်မယ်။

ဒီ post ကတော့ 40-day “Payments Made Simple” series ရဲ့ day 1 အတွက် ဖြစ်ပါတယ်။ အခုလိုပဲ payment ဆိုင်ရာ အကြောင်းအရာတွေကို တိုတိုရှင်းရှင်းနဲ့ လက်တွေ့အသုံးဝင်အောင် တစ်နေ့တစ်ပုဒ် တင်ပေးသွားပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ဆက်ပြီးရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top