Wallet အကောင့်တွေနဲ့ ဘဏ်အကောင့်တွေဟာ အကောင့်ထဲမှာ ငွေသိမ်းဆည်းထားနိုင်တာမှာ တူညီပေမယ့် အလုပ်လုပ်ပုံခြင်းတော့ လုံးဝ မတူပါဘူး။
Bank Balance ဆိုတာ သက်ဆိုင်ရာ ဘဏ်ရဲ့ငွေစာရင်းအကောင့်မှာ အပ်နှံထားတဲ့ ငွေကြေးဖြစ်ပါတယ်။ ဘဏ်ငွေစာရင်းအကောင့်နဲ့ ချိတ်ဆက်ထားတဲ့ internet banking ၊ mobile banking တို့ကနေ ငွေပေးချေလိုက်လိုက်တဲ့အခါ ဘဏ်က အပ်နှံထားတဲ့အကောင့်ရဲ့ လက်ကျန်ငွေကို တိုက်ရိုက်စစ်ဆေးပြီး “လက်ခံတယ်” (approve) သို့မဟုတ် “ငြင်းပယ်တယ်” (decline) ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။
Wallet Balance ဆိုတာကတော့ wallet ဝန်ဆောင်မှုပေးသူ (wallet provider) ရဲ့ စနစ်ထဲမှာ သိမ်းဆည်းထားတဲ့တန်ဖိုး (stored value) သာ ဖြစ်ပါတယ်။ ကြိုတင်ဖြည့်သွင်းထားတဲ့ငွေ သို့မဟုတ် အခြားငွေကြေး source တစ်ခုခုနဲ့ ချိတ်ဆက်ထားတာ ဖြစ်နိုင်ပါတယ်။ Wallet တွေဟာ ငွေပေးချေမှု (transaction) တွေကို အတည်ပြုတဲ့အခါ ဘဏ်လက်ကျန်ငွေကို မကြည့်ဘဲ သူတို့ wallet စနစ်ထဲက လက်ကျန်ငွေကိုပဲ ကြည့်ပြီး ဆုံးဖြတ်ပါတယ်။
ဒါကြောင့် wallet နဲ့ ငွေပေးချေရတဲ့အခါ ပိုမိုမြန်ဆန်ပြီး ရိုးရှင်းနေတာ ဖြစ်ပါတယ်။ စစ်ဆေးရမယ့် အဆင့်တွေ ပိုနည်းပြီး အရာအားလုံးက wallet system တစ်ခုတည်း အတွင်းပဲ ပြီးသွားလို့ပါ။ ဒါပေမယ့် wallet တွေမှာ ဘဏ်အကောင့်တွေနဲ့ မတူတဲ့ ငွေကြေးပမာဏ ကန့်သတ်ချက် (limits) တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ရှိတတ်ပါတယ်။ Wallet ထဲမှာ ထည့်သွင်းနိုင်တဲ့ ငွေကြေးပမာဏ ကန့်သတ်ချက်ရှိတာ၊ အသုံးပြုခွင့် limit မှာ သတ်မှတ်ချက် ပိုရှိနေတာမျိုးပေါ့။
အခုပြောထားတဲ့ သဘောတရားတွေကို သိထားမယ်ဆိုရင် မတူညီတဲ့ ငွေပေးချေမှုနည်းလမ်းတွေရဲ့ သဘောသဘာဝနဲ့ payment flow တွေကို ပိုပြီး နာလည်နိုင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
“Payments Made Simple” 40-day series day 3 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
