Day 7 – Clearing နဲ့ Settlement က အတူတူပဲလား

ငွေပေးချေမှုနဲ့ ပတ်သတ်လာရင် clearing နဲ့ settlement ကို အတူတွဲပြီး ပြောကြလေ့ရှိပေမယ့် တစ်ခုတည်း မဟုတ်ပါဘူး၊ clearing ပြီးမှ settlement လုပ်ရတာ ဖြစ်ပါတယ်။

Clearing ဆိုတာကတော့ ဘဏ်တွေ သို့မဟုတ် payment provider တွေကြားမှာ ‌transaction ဆိုင်ရာ၊ ငွေပေးချေမှုဆိုင်ရာ အချက်အလက် data တွေကို ဖလှယ်တဲ့ အဆင့်ဖြစ်ပါတယ်။ ငွေပမာဏ၊ အချိန်၊ merchant ရဲ့ အချက်အလက်၊ ဝန်ဆောင်ခတွေနဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်ပေးရမယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဒီအဆင့်မှာ ငွေကြေးလွှဲပြောင်းမှု မဖြစ်သေးပါဘူး။ အချက်အလက်ဖြစ်တဲ့ data တွေပဲ ဖလှယ်မှာ ဖြစ်ပါတယ်။

Settlement ဆိုတာကတော့ အဲ့ဒီ clearing ကနေ ရလာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး အဖွဲ့အစည်းတွေကြားမှာ အမှန်တကယ် ငွေကြေး လွှဲပြောင်းပေးတဲ့အဆင့် ဖြစ်ပါတယ်။ Merchant နဲ့ သက်ဆိုင်ရာ party တွေအနေနဲ့ ဒီအဆင့်ရောက်မှသာ ကိုယ့်အကောင့်ထဲကို ငွေအမှန်တကယ် ရောက်ရှိမှာ ဖြစ်ပါတယ်။

အလွယ်ပြောရရင် clearing  ဆိုတာ ကျသင့်ငွေစာရင်း bill နဲ့ သဘောတရားတူညီပြီး၊ settlement ကတော့ အဲ့ဒီ bill အတွက် ငွေအမှန်တကယ် ပေးချေခြင်း၊ ရရှိခြင်း သဘောတရားနဲ့ ဆင်တူပါတယ်။

ငွေပေးချေတဲ့အခါ အသုံးပြုသူ end-user တွေအနေနဲ့ authorization အဖြေကိုပဲ ချက်ချင်း မြင်တွေ့ရမှာပါ။ clearing နဲ့ settlement လုပ်ငန်းစဉ်တွေ အတွက်ကတော့ မြင်နိုင်သိနိုင်မှာ မဟုတ်ပါဘူး။ ငွေပေးချေမှု အောင်မြင်ပြီးတော့မှ နောက်ကွယ်မှာ ဆက်လက်လုပ်‌ဆောင်တဲ့ process တွေ ဖြစ်တာမို့ပါ။ ဒီအချက်ကို နားလည်ထားမယ်ဆိုရင် merchant တွေဆီကို ငွေစာရင်းရှင်းပေးခြင်းနဲ့ အကြောင်းအရာတွေကို ကိုင်တွယ်ရတဲ့အခါမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

“Payments Made Simple” 40-day series day 7 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top