ဒီတစ်ခါတော့ ငွေပေးချေမှုတိုင်းမှာ အဓိက ပါဝင်သူတွေဖြစ်တဲ့ issuer ၊ acquirer နဲ့ payment scheme တွေ အကြောင်းကို ဆက်ပြီး ဖော်ပြပေးလိုက်ပါတယ်။
Issuer သို့မဟုတ် payer’s payment service provider ကတော့ ကတ်၊ wallet ၊ mobile အစရှိသဖြင့် ငွေပေးချေမှုအတွက် အသုံးပြုတဲ့ payment instruments တွေ provide လုပ်ပေးထားတဲ့ ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်ပါတယ်။ ငွေပေးချေမှု transaction တိုင်းမှာ အသုံးပြုနိုင်တဲ့ balance ငွေပမာဏ၊ ကန့်သတ်မှု limits တွေနဲ့၊ fraud rules တွေ၊ account status တွေပေါ်မူတည်ပြီး approve သို့မဟုတ် decline လုပ်ပေးပါတယ်။
Acquirer သို့မဟုတ် payee’s payment service provider ကတော့ merchant အတွက် ငွေပေးချေမှု လက်ခံနိုင်စေဖို့ ဝန်ဆောင်မှုပေးတဲ့ ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်ပါတယ်။ POS စက်၊ online နဲ့ mobile channel အစရှိတာတွေကနေ ငွေပေးချေမှု transaction တွေကို လက်ခံရယူပြီး ချိတ်ဆက်ထားတဲ့ ကွန်ရက်ဖြစ်တဲ့ payment scheme ဆီကို ပို့ဆောင်ပေးပါတယ်။
Payment scheme ကတော့ issuer နဲ့ acquirer တွေကြားမှာ transaction တွေ လုပ်ဆောင်နိုင်စေဖို့ infrastructure နဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေကို ချပေးတဲ့၊ ချိတ်ဆက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ Issuer နဲ့ acquirer တွေကြား ငွေစာရင်းရှင်းနိုင်ဖို့ clearing ကိုလည်း လုပ်ဆောင်ပေးပါတယ်။
“Payments Made Simple” 40 day series – day 12 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
