Digital payment တွေနဲ့ ငွေပေးချေတဲ့အခါမှာ customer က ငွေရှင်းလိုက်တာနဲ့ merchant က ချက်ချင်း ပိုက်ဆံမရပါဘူး။ ဖြတ်သန်းရတဲ့ အဆင့်တွေရှိပါတယ်။
(၁) Payment Capture အဆင့်
POS စက်၊ ecommerce app အစရှိသဖြင့် payment channel တွေကနေ transaction data ကို ရယူပြီး acquirer ဆီ ပို့ပါတယ်။ ပြီးတော့ ချိတ်ဆက်ထားတဲ့ payment network ကနေတစ်ဆင့် issuer ဆီကို ပို့ပေးပါတယ်။
(၂) Authorization အဆင့်
Customer အနေနဲ့ ငွေပေးချေနိုင်စွမ်းနဲ့ ငွေပေးချေခွင့် ရှိ၊ မရှိကို issuer က စစ်ဆေးပါတယ်။ ပြီးတော့ “Approved” သို့မဟုတ် “Declined” ဆိုပြီး ချက်ချင်း respond ပြန်ပေးပါတယ်။
(၃) Batch Submission နဲ့ Clearing အဆင့်
“Approved” ဖြစ်ခဲ့တဲ့ transaction တွေအတွက် transaction amount ၊ ငွေပေးချေတဲ့အချိန် အစရှိသဖြင့် transaction data တွေကို submission နဲ့ clearing လုပ်ပါတယ်။
(၄) Settlement အဆင့်
အဲ့ဒီနောက်မှာတော့ issuer ဘက်ကနေ merchant အကောင့်ထဲကို ငွေအမှန်တစ်ကယ် ရွေ့လျားရောက်ရှိတဲ့ အဆင့်ဖြစ်ပါတယ်။ Merchant အနေနဲ့ ဝန်ဆောင်ခတွေ နှုတ်ယူထားပြီး ကျန်ရှိတဲ့ ငွေပမာဏကို သက်ဆိုင်ရာ ချိတ်ဆက်ထားတဲ့ acquirer ဆီကနေ လက်ခံရှိရှိမှာ ဖြစ်ပါတယ်။
“Payments Made Simple” 40 day series – day 13 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
