Day 14 – Digital Wallet တွေ ငွေဖြည့်တာ၊ ငွေထုတ်တာ

ငွေဖြည့်ခြင်း (Adding money)

Digital wallet တွေကို ငွေဖြည့်တဲ့အခါ  နည်းလမ်း ၃-မျိုးနဲ့ ငွေဖြည့်လို့ရပါတယ်။ ပထမဆုံးနည်းလမ်းက နီးစပ်ရာ wallet agent သို့မဟုတ် အခြားသူတစ်ယောက်ရဲ့ wallet balance ကနေ ငွေထည့်ပေးတာ ဖြစ်ပါတယ်။ နောက်တစ်နည်းက wallet ထဲကို ခွင့်ပြုထားတဲ့ ဘဏ်အကောင့်ကနေ ငွေလွှဲပြီး ထည့်တာဖြစ်ပါတယ်။ နောက်တစ်နည်းက debit ကတ်၊ credit ကတ် အစရှိတဲ့ ကတ်တွေကနေ top-up လုပ်ပြီး ငွေထည့်တာ ဖြစ်ပါတယ်။

ငွေထုတ်ခြင်း (Withdrawing money)

Wallet တွေကနေ ငွေထုတ်ဖို့မှာလည်း နည်းလမ်း ၃-မျိုးနဲ့ ထုတ်လို့ရပါတယ်။ ပထမဆုံးနည်းလမ်းက နီးစပ်ရာ wallet agent ကနေ ငွေထုတ်တာပါ။ ‌နောက်တစ်နည်းက အဲ့ဒီ wallet နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်ရဲ့ ATM မှာ ငွေထုတ်တာပါ။ ‌နောက်တစ်နည်းကတော့ wallet နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်ထဲကို ငွေလွှဲထည့်တာပါ။ Wallet agent ဆီမှာ ငွေထုတ်တာနဲ့ ATM မှာ ငွေထုတ်တာတွေမှာ ငွေသားထုတ်ယူနိုင်မှာပေမယ့်၊ ဘဏ်အကောင့်ထဲကို ငွေလွှဲထည့်မယ်ဆိုရင်တော့ digital money အနေနဲ့ပဲရမှာပါ။ ဒါပေမယ့် ဘဏ်အကောင့်ထဲကို ငွေရောက်သွားတာဖြစ်တဲ့အတွက် ဘဏ်မှာ ငွေသွားထုတ်လို့ရသလို အဲ့ဒီ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ATM တွေမှာလည်း debit ကတ်နဲ့ ငွေသားအလွယ်တကူ ထုတ်ယူလို့ရပါတယ်။

“Payments Made Simple” 40 day series – day 14 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top