Day 15 – Digital Payment ရဲ့ Tokenization အကြောင်း

Tokenization ဆိုတာ ပေါက်ကြားလို့မရတဲ့ sensitive ဖြစ်တဲ့ ကတ်၊ wallet နဲ့ ဘဏ်အကောင့်စတဲ့ အချက်အလက်တွေကို လုံခြုံပြီး unique ဖြစ်တဲ့ token နဲ့ အစားထိုး သုံးစွဲတာ ဖြစ်ပါတယ်။ Token ကို အသုံးပြုပြီး ငွေပေးချေတဲ့အခါမှာ ကတ်အချက်အလက်၊ wallet အချက်အလက် အစရှိတာတွေကို တိုက်ရိုက် သိမ်းဆည်ထိတွေ့စရာ မလိုအပ်တော့ပါဘူး။ တစ်ချိန်ချိန်မှာ token အခိုးခံရတာ၊ ပေါက်ကြားတာ ဖြစ်လာခဲ့ရင်လည်း token data တွေဟာ ကတ်၊ wallet တွေရဲ့ အချက်အလက်အစစ်တွေ မဟုတ်တာမို့ ခိုးယူသူလက်ထဲမှာ အသုံးမဝင်ပါဘူး။

Tokenization အလုပ်လုပ်ပုံကတော့ တကယ့် ကတ်၊ wallet နံပါတ်တွေ၊ အချက်အလက်တွေကို issuer  သို့မဟုတ် provider ဆီမှာပဲ လုံခြုံစွာ သိမ်းဆည်းထားပါတယ်။ အသုံးပြုမယ့် device ၊ app နဲ့ merchant တစ်ခုချင်းစီအတွက် သီးသန့် token တစ်ခုစီ ထုတ်ပေးထားပါတယ်။ ငွေပေးချေတဲ့အချိန်မှာ အဲ့ဒီ token ကိုပဲ အသုံးပြုပြီး transaction ပြုလုပ်မှာဖြစ်ပြီး အချက်အလက် အစစ်တွေကို အသုံးမပြုပါဘူး။ Issuer နဲ့ provider တွေဆီ transaction ရောက်သွားတဲ့အခါကျမှ အဲ့ဒီ token နဲ့ ချိတ်ဆက်ထားတဲ့ ကတ်၊ အကောင့်အချက်အလက်တွေကို provider ကနေ သိရှိပြီး transaction ကို အတည်ပြုပေးမှာ ဖြစ်ပါတယ်။

Tokenization ကို အသုံးပြုတာကြောင့် user တွေရဲ့ အချက်အလက် credential တွေ ပေါက်ကြားနိုင်ခြေကို လျှော့ချပေးပါတယ်။ ခိုးယူသုံးစွဲခံရနိုင်ခြေ fraud risk လည်း နည်းသွားပါတယ်။ အွန်လိုင်း၊ မိုဘိုင်း app တွေနဲ့ wallet တွေမှာ ငွေပေးချေမှုတွေကို လုံခြုံစိတ်ချ ရစေပါတယ်။ Stored payment method တွေကို အသုံးပြုပြီး user တွေရဲ့ ကတ်၊ wallet အကောင့်အချက်အလက် စတာတွေကို merchant တွေ၊ app တွေဆီမှာ အချက်အလက် အစစ်တွေကို ထိတွေ့စရာမလိုဘဲ လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင် ပေးချေနိုင်စေပါတယ်။

“Payments Made Simple” 40 day series – day 15 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top