Day 16 – ငွေပေးချေရာမှာ အကောင့်ပိုင်ရှင်ကို အတည်ပြုဖို့ အသုံးပြုတဲ့ နည်းလမ်းများ

ကတ်၊ wallet ၊ internet banking ၊ mobile banking အစရှိသဖြင့် digital payments တွေနဲ့ ငွေပေးချေတဲ့အခါ အသုံးပြုသူတွေကို ကတ်၊ အကောင့်ပိုင်ရှင် စစ်မှန်ကြောင်း အတည်ပြုနိုင်ဖို့ စစ်ဆေးတဲ့ အဆင့်တွေ ရှိတတ်ပါတယ်။ အသုံးများတဲ့ နည်းလမ်းတွေကတော့ –

(၁) OTP (One-Time Password) – တစ်ခါသုံးလျှို့ဝှက်နံပါတ်ဖြစ်ပြီး SMS ၊ email နဲ့ app တွေကနေ ပို့ပေးပါတယ်။ ကုဒ်နံပါတ်ကို မှန်ကန်စွာ ရိုက်ထည့်ပြီး အတည်ပြုပေးရပါမယ်။

(၂) PIN (Personal Identification Number) – ကတ်၊ wallet နဲ့ digital payment တွေနဲ့ ငွေပေးချေတဲ့အခါ ရိုက်ထည့်နိုင်ဖို့ ကြိုတင်သတ်မှတ်ထားတဲ့ လျှို့ဝှက်ကုဒ် ဖြစ်ပါတယ်။ ကုဒ်နံပါတ်ကို မှန်ကန်စွာ ရိုက်ထည့်ပြီး အတည်ပြုပေးရပါမယ်။

(၃) Biometrics – Fingerprint ၊ face recognition အစရှိသဖြင့် အသုံးပြုတဲ့စက်၊ ဖုန်းကို အသုံးပြုပြီး ဇီဝအချက်အလက်နဲ့ စစ်ဆေးတာ ဖြစ်ပါတယ်။

(၄) App-based approval – ငွေပေးချေသူရဲ့ app ဆီကို push notification ပို့ပေးပြီး ငွေပေးချေမှုကို အတည်ပြုခိုင်းတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ လိမ်လည်မှု fraud ဖြစ်နိုင်ခြေ၊ ကတ်၊ အကောင့်တွေ ခိုးယူသုံးစွဲခံရနိုင်ခြေ အစရှိတဲ့ အန္တရာယ်တွေကနေ လျှော့ချပေးပါတယ်။ ငွေပေးချေမှုတိုင်းမှာတော့ အဲ့ဒီလို စစ်ဆေးမှာ မဟုတ်ပါဘူး။ ငွေပမာဏ များတာ၊ သံသယဖြစ်စရာ risk ရှိတာနဲ့ transaction အမျိုးအစားအပေါ်  မူတည်ပြီး လိုအပ်တဲ့ အခြေအနေတွေအတွက်ပဲ စစ်ဆေးမှာ ဖြစ်ပါတယ်။

“Payments Made Simple” 40 day series – day 16 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top