Day 18 – Cross-Border Payments နဲ့ Domestic Payment ဘာကွာသလဲ

ပုံမှန်အားဖြင့် ပြည်တွင်းမှာ ငွေပေးချေတာနဲ့ ပြည်ပမှာ ငွေပေးချေတာတွေမှာ user experience ကိုပဲ ပြောရရင် ဘာမှ မကွာသလိုပါပဲ။ ဒါပေမယ့် သေချာပေါက် မတူညီတဲ့ ကွာခြားချက်တွေ ရှိနေပါတယ်။

(၁) ပထမဆုံး ကွာခြားချက်ကတော့ exchange rate ပဲ ဖြစ်ပါတယ်။ နိုင်ငံခြားငွေနဲ့ ငွေပေးချေရမှာမို့ currency exchange ဖြစ်စဉ် ပါဝင်လာပါတယ်။ Payment လုပ်တဲ့အခါမှာ ကိုယ်ငွေပေးချေတဲ့ နိုင်ငံရဲ့ currency နဲ့ exchange လုပ်ပြီး process လုပ်ခံရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းမှာ ငွေပေးချေတာ ဖြစ်ပေမယ့် နိုင်ငံခြား ecommerce merchant တွေဆီနေ ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာလည်း merchant currency အပေါ်မူတည်ပြီး currency exchange ဖြစ်စဉ် ပါဝင်လာမှာ ဖြစ်ပါတယ်။

(၂) Markup fee နဲ့ foreign transaction fee တွေလည်း ကောက်ခံရနိုင်ပါတယ်။ Markup fee ဆိုတာကတော့ exchange rate အပေါ်မှာ ရာခိုင်နှုန်း ပမာဏ တစ်ခုတင်ထားပြီး currency exchange လုပ်ပေးရတာအတွက် ကောက်ခံတာပါ။ Foreign transaction fee ကတော့ နိုင်ငံပြင်ပမှာရှိတဲ့ merchant ဆီမှာ စျေးဝယ်တဲ့အတွက်ဆိုပြီး ကောက်ခံတာပါ။

(၃) အကြောင်းကြောင့် return နဲ့ refund တွေ လုပ်တဲ့အခါတွေမှာ မတူညီတဲ့ ငွေကြေး currency တွေနဲ့ exchange လုပ်ပြီး process လုပ်ထားတာဖြစ်လို့ ပြန်ရတဲ့အခါမှာ ကိုယ်ပေးချေခဲ့တဲ့ ငွေပမာဏအတိုင်း အတိအကျ ပြန်မရတာ၊ ငွေကြေးဆုံးရှုံးတာတွေ ဖြစ်နိုင်ပါတယ်။ ‌Exchange rate အပြောင်းအလဲ၊ ကောက်ခံထားတဲ့ fee နဲ့ payment provider တွေရဲ့ စည်းမျဉ်းတွေ အပေါ်မူတည်ပြီး ငွေပမာဏအချို့ ဆုံးရှုံးနိုင်တာ ဖြစ်ပါတယ်။

“Payments Made Simple” 40 day series – day 18 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top