အသုံးပြုတဲ့ ငွေပေးချေမှုနည်းလမ်းပေါ် မူတည်ပြီး လိမ်လည်မှု fraud လုပ်ခံရတဲ့ ဖြစ်စဉ်တွေ အမျိုးမျိုးရှိပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ fraud ဖြစ်စဉ်တွေကတော့
(၁) ကတ်အချက်အလက်၊ အကောင့်အချက်အလက်တွေနဲ့ OTP တွေ ခိုးယူခံရတာ၊ ပေါက်ကြားတာ ဖြစ်ပါတယ်။ Login page အတုတွေနဲ့ phishing အလုပ်ခံရတာ၊ အကောင့်ပိုင်ရှင်နဲ့ ရင်းနှီးမှုရယူပြီး social engineering နည်းနဲ့ အချက်အလက်တွေ ရယူတာတွေကြောင့် ဖြစ်လေ့ရှိပါတယ်။
(၂) အွန်လိုင်းကနေ စျေးဝယ်တာမှာ ရိုးသားမှုမရှိတဲ့ merchant တွေကနေ ရောင်းချထားတဲ့ ပစ္စည်းမဟုတ်တာ၊ အရည်အသေး မမှီတာတွေ ပို့ပေးတာ၊ သို့မဟုတ် ငွေရပြီးနောက် ပစ္စည်းမပို့ပေးတာတွေ ဖြစ်ပါတယ်။
(၃) Account takeovers အလုပ်ခံရတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ wallet အကောင့်၊ ဘဏ်အကောင့်နဲ့ ecommerce app အကောင့်စတာတွေကို လိမ်လည်သူတွေက ခိုးယူရရှိသွားပြီး အကောင့်ထဲက ငွေတွေကို အခြားကို ငွေလွှဲတာ၊ ငွေပေးချေတာ၊ အကောင့်နဲ့ စျေးဝယ်တာတွေ ပြုလုပ်တာ ဖြစ်ပါတယ်။
(၄) Friendly fraud လို့ခေါ်တဲ့ စျေးဝယ်သူ customer တွေက ဝယ်ယူထားတဲ့ ပစ္စည်းကို delivery လက်ခံရရှိထားပေမယ့် မရပါဘူးဆိုပြီး လိမ်လည် complaint တက်တာ၊ သို့မဟုတ် ကတ်ပိုင်ရှင်၊ အကောင့်ပိုင်ရှင်ရဲ့ မိသားစုဝင်တွေက ကတ်၊ အကောင့်ကို သုံးပြီး စျေးဝယ်ထားတာကို မသိထားတာကြောင့် အခိုးခံရတယ်ထင်ပြီး complaint တက်တာတွေ ဖြစ်တတ်ပါတယ်။
“Payments Made Simple” 40 day series – day 19 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
