Day 20 – Merchant Discount Rate (MDR) ဆိုတာ

Merchant တွေအနေနဲ့ online ဖြစ်စေ in-store ဖြစ်စေ ‌digital payment တွေနဲ့ ငွေပေးချေမှု လက်ခံရာမှာ Merchant Discount Rate (MDR) ကို ဝန်ဆောင်ခအနေနဲ့ ပေးရမှာပါ။

MDR fee တွေမှာ merchant နဲ့ acquirer ကြားက သဘောတူညီချက်ပေါ်မူတည်ပြီး အများဆုံး တွေ့ရတဲ့ ငွေကောက်ခံမှု ပုံစံတွေကတော့ transaction amount ရဲ့ percentage တစ်ခုကို fixed % rate အနေနဲ့ဖြစ်စေ၊ transaction တစ်ကြောင်းစီအတွက် ဘယ်လောက်ကောက်ယူမယ်လို့ သတ်မှတ်ထားတဲ့ fixed amount အနေနဲ့ဖြစ်စေ၊ fixed % rate နဲ့ fixed amount နှစ်မျိုး ပေါင်းစပ် ကောက်ခံတဲ့ blended pricing နဲ့ ဖြစ်စေ ပေးဆောင်ရလေ့ ရှိပါတယ်။

(Fixed % rate မှာဆို ၃% MDR သတ်မှတ်ထားရင် ၁၀,၀၀၀ ကျပ်တန် ငွေပေးချေမှု အတွက် merchant က ၉,၇၀၀ ကျပ် ရမှာပါ။ Fixed amount မှာဆို transaction တစ်ကြောင်း အတွက် ၂၀၀ ကျပ် သတ်မှတ်ထားရင် merchant က ၉,၈၀၀ ကျပ် ရမှာပါ။ Fixed % နဲ့ amount နှစ်မျိုးပေါင်းပြီး ၁% နဲ့ ၂၀၀ ကျပ် ကောက်ခံတာဆိုရင် merchant အနေနဲ့ ၉,၇၀၀ ကျပ် ရမှာပါ။)

အဲ့ဒီကောက်ခံထားတဲ့ငွေတွေကို payer’s payment provider (issuer) ၊ payee’s payment provider (acquirer) နဲ့ payment scheme (network) အစရှိတဲ့ party တွေက ခွဲဝေရရှိမှာပါ။ Merchant တွေကို ငွေလက်ခံနိုင်အောင်၊ မတူညီတဲ့ payment တွေနဲ့ interoperate လုပ်နိုင်အောင် system တွေ၊ infrastructure တွေ တည်ဆောက်ပေးထားရပြီး အမြဲတမ်းလည်ပတ်နိုင်စေအောင် စနစ်နဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးထားရလို့ ပေးဆောင်ရတာ ဖြစ်ပါတယ်။

MDR fee က ပုံသေမဟုတ်ပါဘူး။ Transaction volume နဲ့ amount များများ process လုပ်လာရတဲ့အခါ merchant တွေအနေနဲ့  သက်ဆိုင်ရာ acquirer တွေနဲ့ ညှိနိုင်းပြီး ပိုမိုသက်သာတဲ့ MDR fee နဲ့ ငွေလက်ခံနိုင်ဖို့ ညှိနှိုင်းပြီး ဝန်ဆောင်ခကို လျှော့ချနိုင်ပါတယ်။

“Payments Made Simple” 40 day series – day 20 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top