Day 35 – Fraud Management အတွက် Risk Rules များ

Digital payment system တွေမှာ ငွေပေးချေမှုတွေ လုံခြုံမှုရှိစေဖို့ building blocks အနေနဲ့ အသုံးပြုလေ့ရှိတဲ့ risk rules တွေကတော့

(၁) Velocity Rules များ

သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ငွေပေးချေမှု ပြုလုပ်တဲ့ အကြိမ်အရေအတွက်ကို check လုပ်တာ ဖြစ်ပါတယ်။

ဥပမာ။ ။ အသုံးပြုသူ တစ်ယောက်တည်းက ၁မိနစ်အတွင်း ၃ကြိမ်ထက်ပိုပြီး ငွေပေးချေမှု ပြုလုပ်ရင် reject လုပ်မယ်၊ ၁နာရီအတွင်း မတူညီတဲ့ ကတ်၅ကတ်နဲ့ ငွေပေးချေရင် block လုပ်မယ် အစရှိသဖြင့် အသုံးပြုတဲ့ အကြိမ်ရေ frequency အပေါ်မှာ မူတည်ပြီး ထိန်းချုပ်ပါတယ်။

(၂) Limit နဲ့ Threshold Rule များ

ငွေပေးချေမှု transaction တစ်ကြောင်းမှာ အများဆုံး အသုံးပြုနိုင်တဲ့ ငွေပမာဏ၊ daily, weekly, monthly မှာ အများဆုံး အသုံးပြုနိုင်တဲ့ ငွေပမာဏတွေကို ကန့်သတ်ထားတာပါ။

ဥပမာ။ ။ ငွေတစ်ခါလွှဲရင် ၃သိန်းထက် မကျော်ရ၊ တစ်နေ့လုံး စုစုပေါင်း ၁၀သိန်းထက် မကျော်ရ အစရှိသဖြင့် သတ်မှတ်ထားတာမျိုးပါ။ သတ်မှတ်ထားတဲ့ ငွေပမာဏထက် ပိုသုံးတဲ့အခါမှာ reject လုပ်မှာ ဖြစ်ပါတယ်။

(၃) List Based Rules များ

Blacklist, whitelist အစရှိသဖြင့် စာရင်းသွင်းထားပြီး transaction လုပ်တဲ့အခါတိုင်းမှာ တိုက်စစ်ပြီး reject သို့မဟုတ် approve လုပ်ပေးတာပါ။

ဥပမာ။ ။ Fraud ဖြစ်ဖူးတဲ့ သို့မဟုတ် ဖြစ်လေ့ရှိတဲ့ email တွေ၊ card BIN (ကတ်နံပါတ်ရဲ့ ထိပ်ဆုံး ၆လုံး/၈လုံး) တွေ အစရှိသဖြင့်ကို blacklist စာရင်းသွင်းထားပြီး ငွေပေးချေမှု ပြုလုပ်တိုင်းမှာ reject လုပ်တာ ဖြစ်ပါတယ်။

(၄) Location နဲ့ Attribute Rules များ

အသုံးပြုသူရဲ့ IP Address၊ နိုင်ငံ၊ merchant category code (MCC) အစရှိတာတွေ အပေါ်တူတည်ပြီး အသုံးပြုခွင့်ကို ကန့်သတ်တာ ဖြစ်ပါတယ်။

ဥပမာ။ ။ အီရန်နိုင်ငံကနေ ဝင်လာတဲ့ ငွေပေးချေမှု transaction အားလုံးကို reject လုပ်မယ်၊ လောင်းကစားနဲ့ ဆက်စပ်တဲ့ gambling merchant တွေ အသုံးပြုတဲ့ MCC code နဲ့ ဝင်လာသမျှ transaction အားလုံးကို reject လုပ်မယ် အစရှိသဖြင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

(40-day “Payments Made Simple” series ရဲ့ day 35 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top