Payment orchestration ဆိုတာ payment gateway တွေ၊ processor တွေနဲ့ acquirer ပေါင်းစုံကို universal adapter လိုမျိုး တစ်နေရာတည်းမှာ စုစည်းချိတ်ဆက်ပေးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ သူ့ရဲ့ အရေးကြီး လုပ်ဆောင်ချက် တစ်ခုကတော့ smart routing လုပ်ပေးတာပါ။ Transaction တိုင်းကို provider တစ်ခုတည်းဆီ ပို့မယ့်အစား အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မယ့် path ကို real-time ရွေးချယ်ပြီး transaction process လုပ်ပေးပါတယ်။ Payment orchestration ကြောင့်
(၁) ကုန်ကျစရိတ်ကို သက်သာပြီး cost optimization ဖြစ်စေပါတယ်။ Currency အမျိုးအစား၊ အသုံးပြုတဲ့ ကတ်အမျိုးအစား အစရှိသဖြင့် အချက်အလက်များ အပေါ်မူတည်ပြီး fee အသက်သာဆုံးဖြစ်မယ့် provider ဆီကနေ transaction ကို process လုပ်ပေးပါတယ်။
(၂) Transaction တွေကို approval ပိုမိုရရှိစေပြီး higher success rate ဖြစ်စေပါတယ်။ ဘယ် ငွေပေးချေမှုပုံစံ၊ ကတ်အမျိုးအစား အစရှိတာတွေကို ဘယ် acquirer ဆီက process လုပ်ရင် approval ပိုရသလဲအပေါ်မူတည်ပြီး transaction တွေကို process လုပ်ပေးပါတယ်။
(၃) ချိတ်ဆက်ထားတဲ့ provider တွေကြောင့် ဖြစ်ရတဲ့ ပြဿနာကို ကိုင်တွယ်ပေးပြီး failover protection လုပ်ပေးပါတယ်။ Provider A က အကြောင်းကြောင်းကြောင့် down သွားတဲ့အခါ transaction ကို provider B ဆီကနေ အလိုအလျောက် ပြောင်းလဲ process လုပ်ပေးပါတယ်။
Payment orchestration ဟာ နေ့စဉ် transaction အများကြီး process လုပ်ရတဲ့ လုပ်ငန်းကြီးတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အသေးစားလုပ်ငန်းတွေ အတွက်တော့ ရင်းနှီးရမယ့် ကုန်ကျစရိတ်နဲ့ နည်းပညာရှုပ်ထွေးမှုတွေကြောင့် မသင့်တော်ပါဘူး။
(40-day “Payments Made Simple” series ရဲ့ day 37 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)
