Day 38: Authorization Optimization အတွက် ပြင်ဆင်ထားသင့်သည်များ

ငွေပေးချေမှု success rate တွေတက်လာစေဖို့နဲ့ failure rate တွေကို လျှော့ချနိုင်ဖို့အတွက် authorization optimization ကို လုပ်ကြပါတယ်။ ဒီနေရာမှာ technical ပိုင်းအရရော၊ human error တွေကိုရော စစ်ဆေးပြီး လိုအပ်ချက်တွေကို မှန်ကန်စွာ action ယူရမှာ ဖြစ်ပါတယ်။

(၁) Transaction တွေ decline ဖြစ်တဲ့အခါ တူညီတဲ့ pattern တစ်ခုခုရှိနေသလား သိအောင်လုပ်ပါ။ Failed ဖြစ်သွားတဲ့ အရေအတွက်ကိုပဲ ကြည့်တာထက် ဘယ်နိုင်ငံက၊ ဘယ် merchant ဆီက၊ ဘယ်ငွေပေးချေမှု wallet နဲ့ ကတ်အမျိုးအစားတွေက fail ဖြစ်နေတာလဲ၊ ဘယ်လို pattern မျိုးနဲ့ fail ဖြစ်နေသလဲဆိုတာကို ပုံမှန် စစ်ဆေးသင့်ပါတယ်။

(၂) Failed ဖြစ်ရတဲ့ transaction တိုင်းမှာ မတူညီတဲ့ failure reason code တွေရှိပါတယ်။ အဲ့ဒီ reason code တွေကို ခွဲခြားပြီးတော့ ကြည့်ရပါမယ်။ System error တွေ၊ technical error တွေကြောင့် failed ဖြစ်တာလား၊ insufficient balance လိုမျိုး အသုံးပြုသူရဲ့ လိုအပ်ချက်ကြောင့် failed ဖြစ်တာလား ခွဲခြားသိရပါမယ်။

(၃) Customer ကို ငွေပေးချေမှု နည်းလမ်းမျိုးစုံနဲ့ ပေးချေနိုင်အောင် စီစဉ်ထားပေးပါ။ ငွေပေးချေတဲ့အခါ ကတ်အမျိုးအစား တစ်မျိုးက failed ဖြစ်တဲ့အခါ၊ အခြား ကတ်တစ်ခုနဲ့ ပေးနိုင်တာမျိုး၊ wallet တွေ၊ mobile payment တွေနဲ့ ပြောင်းလဲပေးနိုင်တာမျိုးဖြစ်အောင် payment option တွေ ထည့်ပေးထားမယ်ဆို sale တွေကို မဆုံးရှုံးရတော့ဘူးပေါ့။

(၄) ငွေပေးချေရာမှာ ဝန်ဆောင်မှုပေးမယ့် payment system တွေကို ကိုင်တွယ်မယ့် ဝန်ထမ်းတွေကိုလည်း training သေချာပေးထားဖို့ လိုပါတယ်။ နည်းပညာအပေါ်ပဲ မှီခိုလို့ မရပါဘူး။ သက်ဆိုင်ရာ ဝန်ထမ်းတွေက system တွေကို သေချာနားလည်ပြီး ပြဿနာတွေကို troubleshoot လုပ်နိုင်ဖို့လိုပါတယ်။

(40-day “Payments Made Simple” series ရဲ့ day 38 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top