Financial institutions တွေအတွက် ငွေကြေးခဝါချမှုတွေ၊ သံသယဖြစ်စရာ အသုံးပြုမှုတွေကို ရှာဖွေတားဆီးတဲ့ လုပ်ငန်းစဉ်ကို anti-money laundering (AML) လို့ခေါ်တာ ဖြစ်ပါတယ်။ AML အတွက် အခြေခံအားဖြင့် လုပ်ဆောင်ကြတာတွေကတော့
(၁) ဝန်ဆောင်မှုတွေကို အသုံးပြုမယ့် customer နဲ့ merchant တွေရဲ့ အချက်အလက်တွေကို မှန်ကန်မှုရှိမရှိ စစ်ဆေးအတည်ပြုပါတယ်။ အဲ့ဒီ customer တွေ၊ merchant တွေရဲ့ အချက်အလက် profile အလိုက် အသုံးပြုတဲ့ ဝန်ဆောင်မှု activity တွေ ဆီလျော်မှုရှိမရှိ စစ်ဆေးပါတယ်။
(၂) ပုံမှန်မဟုတ်တဲ့ အသုံးပြုမှု၊ ငွေပေးချေမှုတွေ ရှိမရှိ စောင့်ကြည့် monitor လုပ်ပါတယ်။ ရုတ်တရက် ငွေပမာဏ အများကြီး အသုံးပြုတာ၊ အချိန်တိုအတွင်း ငွေပေးချေမှု အများကြီး လုပ်ဆောင်တာ၊ ပုံမှန်မဟုတ်တဲ့ အပြုအမူနဲ့ high-risk ဖြစ်တဲ့ source တွေကနေ ငွေပေးချေမှုတွေ ပြုလုပ်တာ အစရှိသဖြင့် သံသယဖြစ်စရာ အသုံးပြုမှုတွေကို စောင့်ကြည့်ပါတယ်။
(၃) သံသယဖြစ်စရာ အသုံးပြုမှုတွေကို တွေ့ရှိတဲ့အခါ ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ အသုံးပြုခွင့်ကို ခေတ္တဆိုင်းငံတာ၊ reject လုပ်ပြီး ငြင်းပယ်တာတွေ၊ ပြန်လည်စစ်ဆေး အတည်ပြုတာတွေကို လုပ်ဆောင်ပြီးမှ ဆက်လက် အသုံးပြုခွင့်ပေးပါတယ်။
(၄) သံသယဖြစ်စရာ အသုံးပြုမှုတွေထဲက သတ်မှတ်ထားတဲ့ အချို့လုပ်ဆောင်ချက် activity တွေကိုတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ regulators တွေဆီကို လိုအပ်သလို သတင်းပို့ပါတယ်။
(40-day “Payments Made Simple” series ရဲ့ day 32 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)
