Author name: Aung Thu Htet

How to choose Wallet, Banking, and Card

Digital Wallet vs Banking App vs Card ဘာကို သုံးရမလဲ

ဒီနေ့ခေတ်မှာ digital wallet တွေ၊ internet/mobile banking app တွေနဲ့ ငွေပေးချေမှုကတ်တွေ အစရှိသဖြင့် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်း အမျိုးမျိုးပေါ်လာတာမို့ ကိုယ်နဲ့ ဘယ်ငွေပေးချေမှုနည်းလမ်းက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားစရာ၊ ရွေးချယ်စရာ ဖြစ်လာပါတယ်။ အကောင်းဆုံးအဖြေကတော့ ကိုယ်ရဲ့နေထိုင်ပုံ၊ ငွေကြေးသုံးစွဲပုံနဲ့ စီမံခန့်ခွဲမှုအပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ ၁) လူတိုင်းအတွက် Digital Wallet App ပထမဆုံးအနေနဲ့ ကိုယ်က ဒီဂျစ်တယ်ငွေပေးချေမှုကို စတင်အသုံးပြုမယ့်သူဖြစ်စေ၊ ဘဏ်နဲ့ အနည်းငယ်ဝေးတဲ့ နေရာဒေသမှာ နေထိုင်တဲ့သူဖြစ်စေ ဆိုရင်တော့ digital wallet တစ်မျိုးမျိုးကို စတင် အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ – KBZ Pay လို၊ WavePay လို၊ AYA Pay လို wallet […]

Digital Wallet vs Banking App vs Card ဘာကို သုံးရမလဲ Read More »

Credit Card Debt Free

Credit Card အကြွေးမတင်ဘဲသုံးနည်း

Credit card အသုံးပြုတဲ့အခါမှာ အရေးအကြီးဆုံး ရွှေစည်းမျဉ်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လစဉ်ငွေစာရင်းရှင်းတမ်း (Monthly Statement) ရပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့ နောက်ဆုံးပေးသွင်းရမယ့်ရက် မတိုင်ခင် သုံးထားသမျှ အပြည့်ပြန်ဆပ်ရမယ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ လစဉ်ငွေစာရင်းရှင်းတမ်းမှာ ၃သိန်း ပေါ်နေတယ်ဆိုပါစို့။ အဲ့ဒီ ၃သိန်းကျပ်ကို နောက်ဆုံးပေးသွင်းရမယ့် ရက်မတိုင်ခင် အပြည့်အဝ ပြန်သွင်းပေးလိုက်ပါ။ အဲ့ဒါဆိုရင် ဘဏ်ကို အတိုး (Interest) အပါအဝင် မည်သည့် အဖိုးအခမှ ပေးစရာမလိုတော့ပါဘူ။ အကယ်၍ လောလောဆယ် အပြည့်မပေးသွင်းနိုင်သေးတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အနည်းဆုံးပေးသွင်းရမယ့် ငွေပမာဏ (Minimum Payment) ကို ပေးသွင်းဖို့လိုပါတယ်။ အဲ့ဒါဆိုရင်တော့ လက်ကျန်ငွေပမာဏအပေါ်မှာ အတိုးပေးရမှာဖြစ်ပေမယ့် ပြဿနာကြီးကြီးမားမားမရှိသေးပါ။ အကယ်၍ အနည်းဆုံးပေးသွင်းရမယ့် ငွေပမာဏ (Minimum Payment) ကိုပါ ပြည့်မီအောင် မပေးသွင်းနိုင်ခဲ့ဘူးဆိုရင်တော့

Credit Card အကြွေးမတင်ဘဲသုံးနည်း Read More »

How To Apply Credit Card

Credit Card ဒီလိုလျှောက်ပါ

အကြွေးဝယ်ကဒ် (Credit Card) လျှောက်ထားမယ်ဆိုရင် သိထားရမှာက credit card သည် ချေးငွေ (Loan) အမျိုးအစားဖြစ်တာကြောင့် ပုံမှန် ဘဏ်ကတ် (Debit Card) တွေလို ချက်ချင်း မရပါဘူး။ ဘဏ်ကို ကတ်လျှောက်ပြီးတဲ့နောက် ဘဏ်က လိုအပ်တာတွေ စစ်ဆေးပြီးမှသာ ထုတ်ပေးမှာဖြစ်လို့ ကတ်လျှောက်ထားပြီး တစ်ပတ်ကနေ တစ်လလောက်အထိ စောင့်ဖို့ လိုအပ်နိုင်ပါတယ်။ အဲ့ဒီတော့ ကတ်လျှောက်ထားမယ်ဆိုရင် ပထမဆုံး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါမယ်။ ကိုယ်က ဝန်ထမ်းဆိုရင် Passport ဓာတ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အလုပ်ထောက်ခံစာ၊ လစာဖြတ်ပိုင်း၊ Bank Statement အစရှိတာတွေ လိုအပ်တတ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများဆိုရင် Passport ဓာတ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ Bank Statement၊ လုပ်ငန်းလိုင်စင်၊

Credit Card ဒီလိုလျှောက်ပါ Read More »

Credit Card Tiers And Levels

Credit Card အမျိုးအစားတွေနဲ့ Tier Level များ

Credit card တွေမှာ အဆင့်အတန်း tier level တွေ ခွဲထားပါတယ်။ ပထမဆုံး Standard သို့မဟုတ် Silver ကဒ်တွေရှိပြီး၊ အဲ့ဒီနောက်မှာ Gold ကဒ်၊ Platinum Card၊ Diamond Card နဲ့ အမြင့်ဆုံးအနေနဲ့ Black Card ဆိုပြီး သတ်မှတ်ကြလေ့ရှိပါတယ်။ ကဒ်ကွန်ရက် (Card Network) ပေါ်မူတည်ပြီး အခေါ်အဝေါ်ကွဲပြားနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ အဲ့ဒီအတိုင်း သတ်မှတ်ပါတယ်။ Standard ကဒ် တွေမှာ နှစ်စဉ်ကြေး (Annual Fee) က နည်းပါတယ်။ မြန်မာနိုင်ငံမှာတော့ Standard ကဒ်တွေအတွက် နှစ်စဉ်ကြေး ၂၀,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်လောက်ထိ ကောက်ခံကြပါတယ်။ Gold ကဒ်အတွက်ကိုတော့ နှစ်စဉ်ကြေး ၅၀,၀၀၀

Credit Card အမျိုးအစားတွေနဲ့ Tier Level များ Read More »

Secured and Unsecured Credit Card

Secured နဲ့ Unsecured Credit Card တွေရဲ့ ကွာခြားချက်

Credit card တွေကို အဓိကအားဖြင့် Secured Credit Card နဲ့ Unsecured Credit Card ဆိုပြီး နှစ်မျိုးခွဲပါတယ်။ Secured Card လျှောက်ထားတဲ့အခါ ဘဏ်စာရင်းအကောင့်တစ်ခုဖွင့်ပြီး ငွေပမာဏတစ်ခုကို အာမခံငွေ security deposit အနေနဲ့ ထားရပါတယ်။ အဲ့ဒီငွေကို သတ်မှတ်ကာတစ်ခုအထိ အသုံးမပြုဘဲ ထည့်ထားပေးရပါတယ်။ ဒီတော့ ဘဏ်အတွက် ငွေကြေးဆုံးရှုံးနိုင်မှု credit risk နည်းသွားတဲ့အတွက် ဘဏ်ကလည်း ကဒ်ကို အလွယ်တကူ ထုတ်ပေးပါလိမ့်မယ်။ Unsecured Card ဆိုတာကတော့ ဘဏ်စုငွေထည့်ပေးထားဖို့ မလိုအပ်ဘဲ ကိုယ့်ရဲ့ ဝင်ငွေ income နဲ့ အကြွေးရယူထားမှု၊ သုံးစွဲထားမှုမှတ်တမ်း credit history တွေကိုကြည့်ပြီး ဘဏ်က ကဒ်ထုတ်ပေးတာ ဖြစ်ပါတယ်။ ကဒ်ရဖို့အတွက်

Secured နဲ့ Unsecured Credit Card တွေရဲ့ ကွာခြားချက် Read More »

MPU Card E-commerce Transaction Flow

MPU ကဒ်တွေဟာ အွန်လိုင်းမှာ စျေးဝယ်တဲ့အခါ နိုင်ငံတကာသုံး ငွေပေးချေကဒ်တွေနဲ့ မတူပါဘူး

မနေ့က နိုင်ငံတကာငွေပေးချေကဒ်တွေရဲ့ E-commerce စနစ်တွေမှာ အသုံးပြုထားတဲ့ လုံခြုံရေး Standard ဖြစ်တဲ့ 3D Secure ရဲ့ အလုပ်လုပ်ပုံကို ပြောခဲ့ပါတယ်။ ဒီနေ့ MPU ကဒ်တွေရဲ့ အလုပ်လုပ်ပုံကို ဆက်ပြောပေးပါမယ်။ MPU က လက်ရှိအချိန်မှာ နိုင်ငံတကာမှာ စံသတ်မှတ်အသုံးပြုနေကြတဲ့ 3D Secure Protocol အတိုင်း တည်ဆောက်ထားတာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် MPU ကဒ်တွေလက်ခံဖို့အတွက် e-commerce စနစ်တွေ ချိတ်ဆက်ရာမှာရော၊ ကဒ်အသုံးပြု ငွေပေးချေရာမှာပါ Visa ၊ Mastercard တွေလို နိုင်ငံတကာငွေပေးချေကဒ်တွေနဲ့ မတူပါဘူး။ သာမာန်အားဖြင့် Visa ၊ Mastercard ပဲ သုံးသုံး MPU ကဒ်ပဲသုံးသုံး အွန်လိုင်းမှာ ငွေချေတဲ့အခါ ဖုန်း သို့မဟုတ်

MPU ကဒ်တွေဟာ အွန်လိုင်းမှာ စျေးဝယ်တဲ့အခါ နိုင်ငံတကာသုံး ငွေပေးချေကဒ်တွေနဲ့ မတူပါဘူး Read More »

International Card Basic-E-commerce Transaction Flow

နိုင်ငံတကာသုံး Visa ၊ Mastercard တွေ အွန်လိုင်းမှာ စျေးဝယ်တဲ့အခါ ဘယ်လိုအလုပ်လုပ်သလဲ

အွန်လိုင်းမှာ ကဒ်တွေနဲ့ ငွေချေတဲ့အခါ 3D Secure လို့ ခေါ်တဲ့နည်းပညာကို အသုံးပြုကြပါတယ်။ တော်တော်များများ နားလည်ထားတာကတော့ အွန်လိုင်းမှာ ကဒ်နဲ့ငွေချေတဲ့အခါ လုံခြုံမှုအတွက် OTP code ကို အသုံးပြုပြီး စျေးဝယ်ရတယ်ဆိုတာပါ။ အဲ့ဒါ 3D Secure နည်းပညာကို အသုံးပြုထားလို့ပါ။ 3D Secure ဆိုတာကတော့ E-commerce စျေးဝယ်တာတွေမှာ ကဒ်အသုံးပြုငွေပေးချေမှုတွေအတွက် လုံခြုံရေးနည်းပညာဖြစ်ပါတယ်။ Visa ၊ Mastercard ၊ JCB ၊ UPI လို major card brand တွေအားလုံးက 3D Secure နည်းပညာရဲ့ စံသတ်မှတ်ချက်အတိုင်း အလုပ်လုပ်ပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတကာသုံးငွေပေးချေမှု ကဒ်တွေမှာ E-commerce Payment အတွက် အသုံးပြုထားတဲ့ နည်းပညာ၊

နိုင်ငံတကာသုံး Visa ၊ Mastercard တွေ အွန်လိုင်းမှာ စျေးဝယ်တဲ့အခါ ဘယ်လိုအလုပ်လုပ်သလဲ Read More »

Introduction to ISO 8583

Card Payment စနစ်တွေကြား ဘယ်လိုဆက်သွယ်ကြသလဲ

Card Payments စနစ်တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့အတွက် ISO 8583 ကို စံသတ်မှတ်ချက် (Messaging Standard) အဖြစ် အသုံးပြုပါတယ်။ ဆိုင်တစ်ဆိုင်မှာ ကဒ်နဲ့ ငွေရှင်းတယ်ဆိုပါစို့။ ကဒ်ကို စက်ထဲထည့်ပြီး ငွေချေလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း ငွေပေးချေမှု ပြီးသွားပါတယ်။ အဲ့ဒီလို ဖြစ်ဖို့အတွက် Acquirer ကနေ Card Network ၊ Card Network ကနေ Card Issuer ကို ဆက်သွယ်ဖို့ရာ ISO 8583 ရဲ့ သတ်မှတ်ချက်တွေအတိုင်း အချင်းချင်း ဆက်သွယ်ပြီး အလုပ်လုပ်တာဖြစ်ပါတယ်။ ကဒ်အချက်အလက်၊ ငွေပမာဏ၊ သုံးစွဲတဲ့အချိန် စတဲ့အရာတွေကို ဘဏ်ဆီပို့ပေးပြီး ဘဏ်က ခွင့်ပြုမလား၊ ငြင်းမလားဆိုတာကို ပြန်ဖြေပေးပါတယ်။ ISO 8583 ကို

Card Payment စနစ်တွေကြား ဘယ်လိုဆက်သွယ်ကြသလဲ Read More »

Card Number Checker -Luhn Algorithm

Card Number Validator using Luhn Algorithm

Luhn Algorithm Calculator with Card Brand Card No Checker (Luhn Algorithm) Validate Luhn Algorithm ကို Hans Peter Luhn ဆိုတဲ့ IBM ပညာရှင်က တီထွင်ခဲ့တာဖြစ်ပြီး ဘဏ်ကဒ်နံပါတ် (Card Number) တွေ တွက်ချက်ဖို့အတွက် စစ်ဆေးဖို့အတွက် အသုံးပြုကြပါတယ်။ အပေါ်မှာ ထည့်ထားပေးတာကတော့ Luhn Algorithm နဲ့ Card Brand အမျိုးအစားနဲ့ Card Number မှန်၊ မမှန် တွက်ချက်ပေးတဲ့ Calculator ဖြစ်ပါတယ်။ Card Brand အနေနဲ့ MPU အပါအဝင် JCB ၊ UPI ၊ Visa ၊

Card Number Validator using Luhn Algorithm Read More »

About MPU Card

MPU အကြောင်း၊ MPU ကဒ်တွေအကြောင်း

Myanmar Payment Union (MPU) ကို ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ MPU ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ National Payment Switch (NPS) အနေနဲ့ ကဒ်ကွန်ရက် (Card Network) ကို ထောက်ပံ့ပေးတာပါ။ MPU ကြောင့် မြန်မာပြည်တွင်းဘဏ်တွေက ထုတ်ဝေတဲ့ ကဒ်တွေဟာ မတူညီတဲ့ ဘဏ်တွေရဲ့ ATM ၊ POS စက်တွေ၊ E-commerce website နဲ့ app တွေမှာ အသုံးပြုငွေပေးချေလို့ရတာ ဖြစ်ပါတယ်။ MPU လို National Payment Switch သာ မရှိခဲ့ရင် ပြည်တွင်းဘဏ်ကဒ်တွေဟာ သက်ဆိုင်ရာ ကဒ်ထုတ်ဝေထားတဲ့ ဘဏ်ရဲ့ စက်တွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး

MPU အကြောင်း၊ MPU ကဒ်တွေအကြောင်း Read More »

Scroll to Top