Author name: Aung Thu Htet

Day 31 – Financial Institution တွေမှာ စစ်တဲ့ KYC/KYB တွေ အကြောင်း

KYC (Know Your Customer) နဲ့ KYB (Know Your Business) တွေကတော့ ငွေကြေးအဖွဲ့အစည်းတွေဆီကနေ ဝန်ဆောင်မှု ရယူအသုံးပြုမယ့် customer နဲ့ merchant တွေရဲ့ အချက်အလက်တွေကို စစ်ဆေးအတည်ပြုတဲ့ process ဖြစ်ပါတယ်။ အချက်အလက်တွေကို စစ်ဆေးတဲ့အခါမှာ တစ်ကိုယ်ရေအချက်အလက်၊ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေသာမက အစိုးရက ထုတ်ပေးထားတဲ့ မှတ်ပုံတင်၊ ၊ လုပ်ငန်းလိုင်စင်လို စာရွက်စာတမ်းအထောက်အထားတွေကိုလည်း စစ်ဆေးကြပါတယ်။ ပြီးတော့ watchlist လို စောင့်ကြည့်စာရင်းမှာပါသလား၊ sanction ထိထားသလား၊ PEP စာရင်းထဲမှာပါနေသလား အစရှိသဖြင့် စစ်ဆေးအတည်ပြုကြပါတယ်။ သတ်မှတ်ထားတဲ့ KYC/KYB process တွေ စစ်ဆေးအတည်ပြုပြီးမှ ဝန်ဆောင်မှုကို အသုံးပြုခွင့်ပေးမှာပါ။ KYC/KYB တွေကြောင့် onboarding လုပ်ရာမှာ အဆင့်တွေများသွားပေမယ့် […]

Day 31 – Financial Institution တွေမှာ စစ်တဲ့ KYC/KYB တွေ အကြောင်း Read More »

Day 30 – Authorization နဲ့ Settlement ကြားက အလွဲများ

Authorized ဖြစ်ထားတဲ့ transaction တွေနဲ့ settled ဖြစ်သွားတဲ့ transaction တွေမှာ အကြောင်းရေ မတူညီတာတွေရော၊ transaction တစ်ကြောင်းချင်းစီအတွက် ငွေပမာဏ မတူညီတာတွေရော ဖြစ်နိုင်ပါတယ်။ မတူတဲ့ အခါတိုင်းမှာ မှားနေတာတော့ မဟုတ်ပါဘူး။ ဖြစ်တတ်တဲ့ အလွဲအချို့ကတော့ (၁) မတူညီတဲ currency တွေကြား transaction တွေ process လုပ်ရတဲ့အခါ approved ဖြစ်ခဲ့တဲ့ အချိန်နဲ့ settled ဖြစ်တဲ့အချိန်ရဲ့ currency exchange rate ကွာဟချက်တွေကြောင့် transaction approved ဖြစ်ထားတဲ့ ငွေပမာဏနဲ့ settled ဖြစ်တဲ့ ငွေပမာဏ မတူညီတာတွေ ဖြစ်တတ်ပါတယ်။ (၂) Transaction က approved ဖြစ်ထားပေမယ့် merchant တွေဆီမှာ ငွေမဝင်တာပါ။

Day 30 – Authorization နဲ့ Settlement ကြားက အလွဲများ Read More »

Day 29 – Settlement Files တွေ ကိုင်တွယ်တဲ့အခါ သတိထားရမယ့် အချက်များ

Payment transaction တွေရဲ့ settlement data တွေ မှန်မှန်ကန်ကန်နဲ့ အမှားအယွင်း မရှိစေဖို့ ဒီအချက်တွေကို ဂရုစိုက်သင့်ပါတယ်။ (၁) Settlement file တွေမှာပါဝင်တဲ့ header နဲ့ trailer တွေကို အရင်ဆုံး စစ်ဆေးပါ။ ဖိုင်ထဲမှာ ပါဝင်တဲ့ record count တွေ၊ total debit amount ၊ total credit amount တွေ၊ file datetime နဲ့ sequence number တွေ မှန်ကန်မှုရှိမရှိ စစ်ဆေးပါ။ (၂) Settlement file မှာပါဝင်တဲ့ net settlement amount ကို system ကနေ ထုတ်ယူထားတဲ့ authorized transaction

Day 29 – Settlement Files တွေ ကိုင်တွယ်တဲ့အခါ သတိထားရမယ့် အချက်များ Read More »

Day 28 – Reconciliation ဆိုတာ

Reconciliation ဆိုတာကတော့ payment systems တွေမှာ ရှိနေတဲ့ transaction record တွေ၊ ငွေစာရင်းတွေနဲ့ တစ်ကယ့် money flow ကိုက်ညီမှု ရှိမရှိ စစ်ဆေးတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ငွေပေးချေမှု လက်ခံတဲ့ merchant ဖြစ်စေ၊ acquirer ဖြစ်စေ၊ issuer ဖြစ်စေ ငွေစာရင်းတွေ မှန်ကန်မှုရှိတာ သေချာဖို့အတွက် reconciliation ကို မဖြစ်မနေ လုပ်ကြရပါတယ်။ Reconciliation လုပ်ရာမှာ merchant တွေရဲ့ transaction record တွေ၊ acquirer တွေ issuer တွေရဲ့ report တွေ၊ clearing file တွေနဲ့ settlement result တွေကို တစ်ခုနဲ့တစ်ခု ကိုက်ညီမှု ရှိမရှိ

Day 28 – Reconciliation ဆိုတာ Read More »

Day 27 – Authorization vs Posting အကြောင်း

Authorization ကတော့ issuer ၊ wallet provider အစရှိတာတွေကနေ transaction ကို real-time အသုံးပြုခွင့်ပြုမယ်၊ မပြုဘူးဆိုတဲ့ decision ချပေးတာဖြစ်ပါတယ်။ ငွေပေးချေမှုလုပ်တဲ့အခါ လက်ကျန်ငွေ balance ၊ အသုံးပြုခွင့် limit ၊ account status နဲ့ fraud rules အစရှိတာတွေကို စစ်ဆေးပြီးနောက် transaction အသုံးပြုခွင့် approved ပေးလိုက်တာ သို့မဟုတ် ငြင်းပယ်တာ denied လုပ်ပါတယ်။ အဲ့ဒီအတည်ပြုချက်ကို merchant တွေဆီမှာ ချက်ချင်း လက်ခံရရှိမှာပါ။ ဒါပေမယ့် ဒီအဆင့်မှာ money movement တွေ အမှန်တစ်ကယ် မဖြစ်သေးပါဘူး။ Authorization အဆင့်မှာ ငွေပမာဏကို reserve လုပ်ပြီး ဖယ်ထားလိုက်တာနဲ့၊ အသုံးပြုမှု

Day 27 – Authorization vs Posting အကြောင်း Read More »

Day 26 – QR Payment နဲ့ Card Payment တွေရဲ့ Posting Logic များ

QR scan ကိုသုံးပြီး wallet နဲ့ mobile payment တွေလုပ်တဲ့အခါမှာ ငွေပေးချေသူ customer ရဲ့ app ကနေ scan ဖတ်လိုက်တာနဲ့ customer ရဲ့ payment provider ဆီ transaction ရောက်သွားပြီး validation လုပ်ပါတယ်။ Customer ရဲ့ provider ဆီကနေ transaction ကို ခွင့်ပြုပေးလိုက်ပြီဆိုတာနဲ့ customer ရဲ့ mobile payment account ထဲကနေ ငွေချက်ချင်း ဖြတ်သွားမှာပါ။ ဒီအခြေအနေမှာ merchant တွေအနေနဲ့ကတော့ transaction အောင်မြင်ကြောင်း notification ရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်ထားတဲ့ QR စနစ်နဲ့ acquirer ပေါ်မူတည်ပြီး merchant တွေအတွက် ငွေချက်ချင်းရတာ

Day 26 – QR Payment နဲ့ Card Payment တွေရဲ့ Posting Logic များ Read More »

Day 25 – Payment မအောင်မြင်ရတဲ့ Root Cause ချက်ချင်း သိနိုင်ဖို့

ငွေပေးချေမှု payment တွေ မအောင်မြင်ဘဲ fail ဖြစ်တဲ့အခါ အသေးစိတ် စစ်တာတွေ၊ technical log ကြည့်တာတွေ မလုပ်ပါနဲ့ဦး။ အကြောင်းရင်း root cause ကို အလွယ်တကူနဲ့ ချက်ချင်းသိနိုင်တဲ့ ဒီအချက်တွေကို အရင်ဆုံး စစ်ကြည့်ပါ။ (၁) ငွေပေးချေသူ customer ကြောင့် ဖြစ်တတ်တဲ့ issue လား စစ်ပါ။ Customer တွေကြောင့် ဖြစ်တတ်တာတွေကတော့ PIN ၊ OTP တွေ မှားရိုက်မိတာ၊ ကတ်သက်တမ်းကုန်နေတာ၊ အကောင့်တွေ ကတ်တွေ PIN တွေ lock ကျနေတာ၊ လက်ကျန်ငွေ balance မလုံလောက်တာတွေပါ။ (၂) Merchant ကြောင့် ဖြစ်တတ်တဲ့ issue လား စစ်ပါ။ POS

Day 25 – Payment မအောင်မြင်ရတဲ့ Root Cause ချက်ချင်း သိနိုင်ဖို့ Read More »

Day 24 – Card Management System ၊ Switch နဲ့ Core Banking အကြောင်း

Card Management System (CMS) ကတော့ ကတ်အကောင့်တွေ၊ cardholder profile တွေ၊ credit limit ၊ ကတ် limit တွေနဲ့ available balance တွေကို သိမ်းဆည်းတာ၊ စီမံခန့်ခွဲတာတွေ လုပ်ပေးပါတယ်။ ပြီးတော့ ကတ်ထုတ်ဝေတဲ့ card issuance လုပ်ငန်းစဉ်တွေ၊ transaction posting လုပ်တာတွေ၊ interest calculation တွေနဲ့ credit card ကိုင်‌ဆောင်သူတွေအတွက် လစဉ် monthly statement ထုတ်ပေးတာတွေကို လုပ်ပါတယ်။ Card Payment Switch ကတော့ card network တွေနဲ့ backend system တွေကြားမှာ routing နဲ့ switching ကို အဓိက

Day 24 – Card Management System ၊ Switch နဲ့ Core Banking အကြောင်း Read More »

Day 23 – Card Payment Transaction များကို Trace လုပ်ခြင်း

Card payment transaction တွေကို စစ်ဆေးတဲ့အခါမှာ transaction flow ရဲ့ ဘယ်နေရာမှာ ပြဿနာရှိသလဲဆိုတာ သိရအောင် transaction journey အတိုင်း စစ်ကြည့်နိုင်ပါတယ်။ (၁) ငွေပေးချေလို့ မရဘူးလို့ complaint ရတဲ့အခါမှာ cardholder က ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ ဘာ transaction လုပ်ခဲ့တာလဲ၊ ဘယ်လိုလုပ်ခဲ့တာလဲဆိုတဲ့ cardholder action ကို အရင်ဆုံး သိအောင် မေးရပါမယ်၊ confirm လုပ်ရပါမယ်။ (၂) ပြီးတော့ merchant ရဲ့ POS စက်၊ ecommerce app တွေကနေ transaction request ကို acquirer ဆီ ပို့လိုက်နိုင်ရဲ့လားဆိုတာ စစ်ဆေးရပါမယ်။ Transaction failure

Day 23 – Card Payment Transaction များကို Trace လုပ်ခြင်း Read More »

Day 22 – Card Payments အတွက် သိထားရမယ့် ISO 8583 Data Element များ

Card payment အတွက် မဖြစ်မနေ သိထားရမယ့် ISO 8583 data element fields တွေကတော့ [DE 2] Primary Account Number (PAN) – ကတ်နံပါတ် ဖြစ်ပါတယ်။ Visa ၊ Mastercard ၊ MPU အစရှိသဖြင့် ကတ် brand နဲ့ ကတ်ထုတ်ပေးထားတဲ့ issuer ကို ခွဲခြားသိနိုင်စေပါတယ်။ [DE 3] Processing Code – Purchase လား၊ refund လား၊ withdrawal လား အစရှိသဖြင့် transaction အမျိုးအစားကို ခွဲခြားပေးတဲ့ 6 digit ကုဒ်ဖြစ်ပါတယ်။ [DE 4] Transaction Amount

Day 22 – Card Payments အတွက် သိထားရမယ့် ISO 8583 Data Element များ Read More »

Scroll to Top