Author name: Aung Thu Htet

ATM Errors Cardholders

ATM မှာ ဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ ဖြေရှင်းနည်း

ဒီနေ့ခေတ်မှာ ATM စက်တွေကြောင့် (24/7) ငွေထုတ်ဖို့ အဆင်ပြေလွယ်ကူသွားပေမယ့် စက်တွေ၊ စနစ်တွေ အပေါ်မှီခိုထားတာဖြစ်လို့ အမြဲတမ်း အဆင်ပြေနေမယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ Error တွေ issue တွေနဲ့လည်း တစ်ကွေ့မဟုတ်တစ်ကွေ့ တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖြေရှင်းနည်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေ ကြိုတင်ပြီး သိထားရင်တော့ စိုးရိမ်စရာမလိုဘဲ အသုံးပြုနိုင်မှာပါ။ ATM တွေမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့… ၁) စက်ထဲက ကဒ်ပြန်မထွက်လာတာ (Card Retained/Stuck)ATM စက်ထဲကနေ ကဒ်ပြန်ထွက်မလာတာ ဖြစ်ပါတယ်။ ကဒ်စားတယ်လို့လည်း အလွယ်ပြောကြပါတယ်။ တစ်ခါတစ်လေမှာ Card Reader error ကြောင့်ဖြစ်စေ၊ စနစ် error ကြောင့်ဖြစ်စေ၊ မီးပျက်သွားလို့ဖြစ်စေ၊ သက်ဆိုင်ရာ ကဒ်ထုတ်ပေးထားတဲ့ (Card Issuer) ရဲ့ သတ်မှတ်ချက်ကြောင့်ဖြစ်စေ […]

ATM မှာ ဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ ဖြေရှင်းနည်း Read More »

How ATM Works

ATM တစ်လုံး ဘယ်လိုတည်ဆောက်ထားသလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ

ATM ဆိုတာ Automated Teller Machine ကို အတိုကောက် ခေါ်တာဖြစ်ပြီး ငွေထုတ်စက်လို့လည်း အလွယ်ခေါ်ကြပါတယ်။ ဒါပေမယ့် ATM စက် တွေရဲ့ လုပ်နိုင်စွမ်းက ငွေထုတ်ပေးတာထက် အများကြီး ပိုပါတယ်။ အသုံးပြုတဲ့ ATM အမျိုးအစားနဲ့ ဝန်‌ဆောင်မှုပေးတဲ့ ဘဏ်အပေါ်မူတည်ပြီး ငွေထုတ်တာအပြင်၊ ငွေလွှဲတာ၊ ငွေသွင်းတာ၊ ဘဏ်စာအုပ် update လုပ်တာ၊ ဘေလ်ဆောင်တာအပြင် အခြားသော အဆင့်မြင့် ဘဏ်ဝန်ဆောင်မှုတွေကိုပါ လုပ်ဆောင်လို့ရနိုင်ပါတယ်။ ATM တွေဟာ တစ်ကယ်တမ်းမှာ ကွန်ပျူတာ၊ ပရင်တာ၊ ငွေရေစက်နဲ့ မီးခံသေတ္တာတို့ကို ပေါင်းစပ်ထားတဲ့စက်လို့ပဲ ပြောရမှာပါ။ ယေဘုယျအားဖြင့် ATM တစ်လုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို ပြောရရင် ၁) ကဒ်ဖတ်စက် (Card Reader)ဘဏ်ကဒ်ကို ထည့်ရတဲ့ နေရာဖြစ်ပါတယ်။

ATM တစ်လုံး ဘယ်လိုတည်ဆောက်ထားသလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ Read More »

Open Loop And Closed Loop Payments

Open Loop နဲ့ Closed Loop ငွေပေးချေမှုစနစ်တွေအကြောင်း

Open Loop Payment Model ကတော့ ပါဝင်သူ (Stakeholder) တွေ အများကြီးနဲ့ ချိတ်ဆက်ထားတဲ့ စနစ်ပုံစံ ဖြစ်ပါတယ်။ ဒီမော်ဒယ်မှာ ငွေပေးချေမှုကို ဘဏ်တွေ၊ ငွေပေးချေမှု ကွန်ရက်တွေ၊ ဆိုင်တွေ၊ ဝန်ဆောင်မှုပေးသူတွေ အများကြီးကြား လုပ်ဆောင်နိုင်ပါတယ်။ ဒီစနစ်ရဲ့ အဓိက အားသာချက်က နေရာအများစုမှာ တွေ့ရ၊ အသုံးပြုလို့ရတာပါ။ ဥပမာအနေနဲ့ Visa နဲ့ Mastercard လို ကဒ်ကွန်ရက်တွေက Open Loop payment model အမျိုးအစားဖြစ်ပါတယ်။ ဒီလို payment model အသုံးပြုထားတဲ့ စနစ်တွေက ကမ္ဘာတစ်ဝှမ်းက ဆိုင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ငွေပေးချေလို့ရအောင် ချိတ်ဆက်ပေးထားပြီး ဘဏ်မတူညီတဲ့ စနစ်တွေကြား ငွေပေးချေမှု၊ လွှဲပြောင်းမှုကို လုပ်ဆောင်ပေးပါတယ်။ Closed Loop

Open Loop နဲ့ Closed Loop ငွေပေးချေမှုစနစ်တွေအကြောင်း Read More »

Payment Essentials စာအုပ်

မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေ တော်တော်များများ ရှိလာသော် လည်း Payment Industry ထဲမှာတော့ လေ့လာစရာ စာအုပ်များများစားစား မထွက်ခဲ့ပါ။ အဲ့ဒါကြောင့် ”Payment Essentials” စာအုပ်ကို ရေးခဲ့တာ ဖြစ်ပါတယ်။ အခမဲ့ Download ရယူနိုင်ပါတယ်။ စာအုပ်ထဲမှာ – အစရှိသဖြင့် Payments ရဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ငွေပေးချေမှုနဲ့ Payment အကြောင်းစိတ်ဝင်စားသူတွေရော၊ Banking ၊ Fintech နဲ့ Payment Industry မှာ career တစ်ခု အစပြုပြီးလျှောက်လှမ်းမယ့် လူငယ်တွေ အတွက်ပါ အသုံးတည့်အောင် ရေးပေးထားပါတယ်။ ဒီစာအုပ်က ငွေပေးချေမှုနည်းစနစ်တွေအကြောင်း Payment Industry အကြောင်း မိတ်ဆက်စာအုပ် ဖြစ်ပါတယ်။ မကြာခင်မှာ Card Payments

Payment Essentials စာအုပ် Read More »

MMQR And Other Payments

MMQR အပါအဝင် အခြားသော Payment နည်းလမ်းတွေအကြောင်း

ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှု နည်းလမ်းတွေ အမျိုးမျိုး ပေါ်ထွက်လာပြီး မြန်မာနိုင်ငံမှာလည်း ကဒ်တွေအပြင် အခြားရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိလာပါတယ်။ အသုံးအများဆုံးကတော့ Internet /Mobile Banking တွေနဲ့ Digital Wallet တွေ pay app တွေနဲ့ သုံးမှန်းမသိ သုံးမိနေကြတဲ့ DCB payments တွေဖြစ်ပါတယ်။ ၁။ Direct Carrier Billing ဆိုတာ Direct Carrier Billing (DCB) ဆိုတာကတော မိုဘိုင်းဖုန်းသုံးသူတွေအတွက် ငွေပေးချေနည်းတစ်ခုဖြစ်ပြီး၊ ဝယ်ယူတဲ့ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုရဲ့ ကျသင့်ငွေကို ဖုန်းဘေလ်ကနေတစ်ဆင့် ငွေပေးချေတာဖြစ်ပါတယ်။ ဒီစနစ်ဟာ မြန်မာပြည်မှာ လူတွေသိပ်သတိမထားမိဘဲ အသုံးပြုမိနေကြတဲ့ ငွေပေးချေမှုပုံစံ ဖြစ်ပါတယ်။ ဥပမာ – Atom ဖြစ်စေ၊

MMQR အပါအဝင် အခြားသော Payment နည်းလမ်းတွေအကြောင်း Read More »

Card Payment Fee

Card Payment Fee တွေ ဘာလို့ ကောက်တာလဲ

ဒစ်ဂျစ်တယ်ခေတ်မှာ ကဒ်နဲ့ ငွေပေးချေတာဟာ လူတိုင်းအတွက် အဆင်ပြေလွယ်ကူစေပါတယ်။ ငွေသားအထပ်လိုက်၊ အထုပ်လိုက်ပိုက်ပြီး စျေးဝယ်ရတဲ့ဒုက္ခကနေလည်း ကင်းဝေးသွားစေပါတယ်။ ဒါပေမယ့် ကဒ်ဖြင့်ငွေပေးချေမှုစနစ်တစ်ခုလုံး လည်ပတ်နိုင်ဖို့အတွက်၊ ထောက်ပံ့ပေးနိုင်ဖို့အတွက် ပေးရမယ့် တန်ကြေး (Fee) တွေလည်း ရှိပါတယ်။ နည်းပညာပေါ် အခြေခံတည်ဆောက်ထားတာမို့ ဝန်ဆောင်မှုပေးရတဲ့ issuer တွေ၊ acquirer တွေ၊ service provider တွေနဲ့ card network တွေဘက်မှာ ကုန်ကျစရိတ်တွေရှိနေပြီး system တွေ လည်ပတ်နိုင်ဖို့အတွက် fee တွေ ကောက်ခံကြရပါတယ်။ အဲ့ဒီ fee တွေ ဘယ်လို အလုပ်လုပ်လဲ၊ ဘယ်သူတွေက ဘယ်လို ပေးဆောင်ရလဲဆိုတာကို နားလည်ထားရင် card payment ecosystem အကြောင်း ပိုပြီး သဘောပေါက်လာမှာပါ။ Photo Credit:

Card Payment Fee တွေ ဘာလို့ ကောက်တာလဲ Read More »

Card Payment Dispute And Chargeback

Card Payment မှာဖြစ်တတ်တဲ့ Dispute နဲ့ Chargeback တွေအကြောင်း

ကဒ်နဲ့ ငွေပေးချေတာဟာ နေရာတော်တော်များများမှာ အလွယ်တကူ အသုံးပြုနိုင်လာပြီး ငွေပေးချေမှုကို လွယ်ကူစေပါတယ်။ ဒါပေမယ့် တခါတလေမှာ ပြဿနာတွေတည်း ဖြစ်ပေါ်လာတတ်ပါတယ်။ အွန်လိုင်းမှာ စျေးဝယ်ထားတာ အိမ်ကို ပစ္စည်းမရောက်လာတာ၊ စတိုးဆိုင်မှာ စျေးဝယ်တာ အမှန်တကယ် ကျသင့်ငွေထက် ကိုယ့်ရဲ့ကဒ်ထဲက ငွေပိုဖြတ်သွားတာ၊ ATM မှာ ငွေထုတ်တာ စက်ထဲက ငွေမထွက်လာဘဲ အကောင့်ထဲက ငွေဖြတ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအခါမှာ “အငြင်းပွားခြင်း” (Dispute) နဲ့ “ငွေပြန်တောင်းခြင်း” (Chargeback) ဆိုတဲ့ လုပ်ငန်းစဉ်တွေက ကဒ်အသုံးပြုသူတွေကို ကာကွယ်ပေးပါတယ်။ Dispute ဆိုတာ ကဒ်ကိုင်ဆောင်သူက သူတို့ရဲ့ အကောင့်ထဲက ငွေပေးချေမှုတစ်ခုကို သူတို့မသိပါ၊ အသုံးမပြုထားပါ၊ သို့မဟုတ် ကဒ်ထဲကနေ မှားယွင်းတဲ့ ငွေပမာဏ ဖြတ်သွားပါတယ်၊ သို့မဟုတ် ‌ငွေပေးချေပြီးသော်လည်း ရယူလိုတဲ့

Card Payment မှာဖြစ်တတ်တဲ့ Dispute နဲ့ Chargeback တွေအကြောင်း Read More »

Card Payment Security Awareness

Payment Security အတွက် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ

ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှုကဒ်တွေဟာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ဆိုင်တွေမှာ၊ အွန်လိုင်းမှာ၊ ATM စက်တွေမှာ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် ဒီကဒ်တွေရဲ့ အချက်အလက်တွေ ပေါက်ကြားတာ၊ ခိုးယူခံရတာမျိုး ဖြစ်လာနိုင်တာမို့ လုံခြုံရေးက အဓိက စိုးရိမ်စရာတစ်ခု ဖြစ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ ငွေပေးချေမှု လုံခြုံရေးအကြောင်းနဲ့ ကဒ်အချက်အလက်တွေကို ဘယ်လို ကာကွယ်မလဲဆိုတာကို ပြောပြပေးပါမယ်။ ငွေပေးချေမှု လုံခြုံရေး (Payment Security) ဆိုတာ ကဒ်ကိုင်ဆောင်သူရဲ့ အချက်အလက် (ကဒ်နံပါတ်၊ CVV၊ PIN စတဲ့ ဒေတာ) တွေ ခိုးယူမှု၊ လိမ်လည်မှု (Scam)နဲ့ အလွဲသုံးမှု (Fraud) တွေကနေ ကာကွယ်ဖို့ အသုံးပြုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ နည်းပညာပိုင်း နည်းစနစ်ပိုင်းတွေ၊ ဘဏ်တွေရဲ့ မူဝါဒတွေ၊

Payment Security အတွက် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ Read More »

Card Payment-Transaction Flow

Card Payment Transaction တစ်ခုရဲ့ နောက်ကွယ်က အလုပ်လုပ်ပုံ

ဒစ်ဂျစ်တယ်ခေတ်မှာ ကဒ်နဲ့ ငွေပေးချေတာဟာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ATM မှာ ၊ Supermarket က POS စက်မှာ ၊ အွန်လိုင်း E-commerce ပလက်ဖောင်းတွေမှာ ကဒ်နဲ့ငွေချေတဲ့အခါ နောက်ကွယ်မှာ ဘယ်လို လုပ်ငန်းစဉ်တွေ လည်ပတ်နေလဲဆိုတာကို သိထားရင် ဒီစနစ်ရဲ့ အလုပ်လုပ်ပုံကို ပိုနားလည်လာမှာပါ။ အဆင့် ၁။ ။ ကဒ်ကိုင်ဆောင်သူက ATM၊ POS စက် ဒါမှမဟုတ် E-commerce ပလက်ဖောင်းတွေမှာ ငွေပေးချေမှု စတင်ခြင်း ဖြစ်ပါတယ်။ ကဒ်ကိုင်ဆောင်သူက သူတို့ရဲ့ ကဒ်ကို အသုံးပြုပြီး ငွေပေးချေဖို့ လုပ်တဲ့အခါ ဒီလုပ်ငန်းစဉ် စတင်ပါတယ်။ ATM မှာဆိုရင် ကဒ်ကို စက်ထဲ ထည့်ပြီး PIN ရိုက်ပြီး

Card Payment Transaction တစ်ခုရဲ့ နောက်ကွယ်က အလုပ်လုပ်ပုံ Read More »

Anatomy of A Payment Card

Payment Card တစ်ခုရဲ့ ဖွဲ့စည်းပုံ Layout နဲ့ လုပ်ဆောင်ချက် Function များ

ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှုကဒ်တွေဟာ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒီလို ကဒ်တွေကို ဆိုင်တွေမှာ၊ အွန်လိုင်းမှာ၊ ATM စက်တွေမှာ အသုံးပြုနေကြပြီး Credit Card၊ Debit Card၊ Prepaid Card စတဲ့ အမျိုးအစားတွေ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ငွေပေးချေမှုကဒ်တစ်ခုရဲ့ ဖွဲ့စည်းပုံ (Layout) နဲ့ လုပ်ဆောင်ချက် (Functionality) တွေကို ပြောပြပေးသွားမှာပါ။ ငွေပေးချေမှုကဒ်တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်း တစ်ခုချင်းစီမှာ သီးခြား လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ကဒ်ရဲ့ အရှေ့ဘက်၊ အနောက်ဘက်၊ နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အောက်မှာ ခွဲပြီး ရှင်းပြထားပါတယ်။ Photo Credit: www.freepik.com ၁။ ကဒ်နံပါတ် (Card Number)  ကဒ်ရဲ့ အဓိကအချက်အလက်ဖြစ်ပြီး

Payment Card တစ်ခုရဲ့ ဖွဲ့စည်းပုံ Layout နဲ့ လုပ်ဆောင်ချက် Function များ Read More »

Scroll to Top