Author name: Aung Thu Htet

Day 21 – ISO 8583 သို့မဟုတ် Card System တွေရဲ့ ဘာသာစကား

Card payment system တွေကြားမှာ အချင်းချင်း communicate လုပ်ဖို့အတွက် ISO 8583 လို့ခေါ်တဲ့ standard messaging format ကို အသုံးပြုပါတယ်။ အထူးသဖြင့် acquirer နဲ့ card scheme ကြား၊ card scheme နဲ့ issuer တွေကြားမှာ ISO 8583 ကို အသုံးပြုပြီး communicate လုပ်ပါတယ်။ ISO 8583 message မှာ 1987 ၊ 1993 နဲ့ 2003 အစရှိသဖြင့် version ၃မျိုးရှိပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာကတော့ 1987 ထွက် version ပဲ ဖြစ်ပါတယ်။ ISO 8583 message တွေမှာ အဓိကအားဖြင့် […]

Day 21 – ISO 8583 သို့မဟုတ် Card System တွေရဲ့ ဘာသာစကား Read More »

Day 20 – Merchant Discount Rate (MDR) ဆိုတာ

Merchant တွေအနေနဲ့ online ဖြစ်စေ in-store ဖြစ်စေ ‌digital payment တွေနဲ့ ငွေပေးချေမှု လက်ခံရာမှာ Merchant Discount Rate (MDR) ကို ဝန်ဆောင်ခအနေနဲ့ ပေးရမှာပါ။ MDR fee တွေမှာ merchant နဲ့ acquirer ကြားက သဘောတူညီချက်ပေါ်မူတည်ပြီး အများဆုံး တွေ့ရတဲ့ ငွေကောက်ခံမှု ပုံစံတွေကတော့ transaction amount ရဲ့ percentage တစ်ခုကို fixed % rate အနေနဲ့ဖြစ်စေ၊ transaction တစ်ကြောင်းစီအတွက် ဘယ်လောက်ကောက်ယူမယ်လို့ သတ်မှတ်ထားတဲ့ fixed amount အနေနဲ့ဖြစ်စေ၊ fixed % rate နဲ့ fixed amount နှစ်မျိုး ပေါင်းစပ် ကောက်ခံတဲ့

Day 20 – Merchant Discount Rate (MDR) ဆိုတာ Read More »

Day 19 – Digital Payment တွေမှာ ဖြစ်တတ်တဲ့ လိမ်လည်မှုများ

အသုံးပြုတဲ့ ငွေပေးချေမှုနည်းလမ်းပေါ် မူတည်ပြီး လိမ်လည်မှု fraud လုပ်ခံရတဲ့ ဖြစ်စဉ်တွေ အမျိုးမျိုးရှိပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ fraud ဖြစ်စဉ်တွေကတော့ (၁) ကတ်အချက်အလက်၊ အကောင့်အချက်အလက်တွေနဲ့ OTP တွေ ခိုးယူခံရတာ၊ ပေါက်ကြားတာ ဖြစ်ပါတယ်။ Login page အတုတွေနဲ့ phishing အလုပ်ခံရတာ၊ အကောင့်ပိုင်ရှင်နဲ့ ရင်းနှီးမှုရယူပြီး social engineering နည်းနဲ့ အချက်အလက်တွေ ရယူတာတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ (၂) အွန်လိုင်းကနေ စျေးဝယ်တာမှာ ရိုးသားမှုမရှိတဲ့ merchant တွေကနေ ရောင်းချထားတဲ့ ပစ္စည်းမဟုတ်တာ၊ အရည်အသေး မမှီတာတွေ ပို့ပေးတာ၊ သို့မဟုတ် ငွေရပြီးနောက် ပစ္စည်းမပို့ပေးတာတွေ ဖြစ်ပါတယ်။ (၃) Account takeovers အလုပ်ခံရတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ wallet အကောင့်၊

Day 19 – Digital Payment တွေမှာ ဖြစ်တတ်တဲ့ လိမ်လည်မှုများ Read More »

Day 18 – Cross-Border Payments နဲ့ Domestic Payment ဘာကွာသလဲ

ပုံမှန်အားဖြင့် ပြည်တွင်းမှာ ငွေပေးချေတာနဲ့ ပြည်ပမှာ ငွေပေးချေတာတွေမှာ user experience ကိုပဲ ပြောရရင် ဘာမှ မကွာသလိုပါပဲ။ ဒါပေမယ့် သေချာပေါက် မတူညီတဲ့ ကွာခြားချက်တွေ ရှိနေပါတယ်။ (၁) ပထမဆုံး ကွာခြားချက်ကတော့ exchange rate ပဲ ဖြစ်ပါတယ်။ နိုင်ငံခြားငွေနဲ့ ငွေပေးချေရမှာမို့ currency exchange ဖြစ်စဉ် ပါဝင်လာပါတယ်။ Payment လုပ်တဲ့အခါမှာ ကိုယ်ငွေပေးချေတဲ့ နိုင်ငံရဲ့ currency နဲ့ exchange လုပ်ပြီး process လုပ်ခံရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းမှာ ငွေပေးချေတာ ဖြစ်ပေမယ့် နိုင်ငံခြား ecommerce merchant တွေဆီနေ ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာလည်း merchant currency အပေါ်မူတည်ပြီး currency exchange

Day 18 – Cross-Border Payments နဲ့ Domestic Payment ဘာကွာသလဲ Read More »

Day 17 – Merchant များ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာများ

Merchant တွေအတွက် ငွေပေးချေမှု လက်ခံရမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလေးတွေကတော့ (၁) Merchant တွေဆီမှာ approved ဖြစ်ခဲ့တဲ့ transaction တွေအတွက် ငွေမဝင်တာပါ။ များသောအားဖြင့် settlement မှာ delay ကြောင့် ဖြစ်နိုင်ပါတယ်။ Settlement files တွေ process လုပ်ပြီးမပြီးနဲ့ cut-off လုပ်တဲ့ အချိန်တွေ စစ်ဆေးရပါမယ်။ (၂) ငွေပေးချေမှု တစ်ခုအတွက် ဝယ်သူဆီမှာ ငွေနှစ်ခါ ဖြတ်မိတာပါ။ ငွေပေးချေမှုလုပ်တဲ့ အချိန်မှာ timeout ဖြစ်သွားတာကြောင့် တစ်ကြိမ်ထက်ပိုပြီး ငွေပေးချေဖို့ reattempt တွေ လုပ်မိတာကြောင့် ဖြစ်နိုင်ပါတယ်။ Multiple attempt လုပ်မိတာအတွက် reversal ဖြစ်ထားတာ ရှိမရှိနဲ့ duplicate authorization လုပ်ခဲ့မိတာ ရှိမရှိ

Day 17 – Merchant များ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာများ Read More »

Day 16 – ငွေပေးချေရာမှာ အကောင့်ပိုင်ရှင်ကို အတည်ပြုဖို့ အသုံးပြုတဲ့ နည်းလမ်းများ

ကတ်၊ wallet ၊ internet banking ၊ mobile banking အစရှိသဖြင့် digital payments တွေနဲ့ ငွေပေးချေတဲ့အခါ အသုံးပြုသူတွေကို ကတ်၊ အကောင့်ပိုင်ရှင် စစ်မှန်ကြောင်း အတည်ပြုနိုင်ဖို့ စစ်ဆေးတဲ့ အဆင့်တွေ ရှိတတ်ပါတယ်။ အသုံးများတဲ့ နည်းလမ်းတွေကတော့ – (၁) OTP (One-Time Password) – တစ်ခါသုံးလျှို့ဝှက်နံပါတ်ဖြစ်ပြီး SMS ၊ email နဲ့ app တွေကနေ ပို့ပေးပါတယ်။ ကုဒ်နံပါတ်ကို မှန်ကန်စွာ ရိုက်ထည့်ပြီး အတည်ပြုပေးရပါမယ်။ (၂) PIN (Personal Identification Number) – ကတ်၊ wallet နဲ့ digital payment တွေနဲ့ ငွေပေးချေတဲ့အခါ ရိုက်ထည့်နိုင်ဖို့

Day 16 – ငွေပေးချေရာမှာ အကောင့်ပိုင်ရှင်ကို အတည်ပြုဖို့ အသုံးပြုတဲ့ နည်းလမ်းများ Read More »

Day 15 – Digital Payment ရဲ့ Tokenization အကြောင်း

Tokenization ဆိုတာ ပေါက်ကြားလို့မရတဲ့ sensitive ဖြစ်တဲ့ ကတ်၊ wallet နဲ့ ဘဏ်အကောင့်စတဲ့ အချက်အလက်တွေကို လုံခြုံပြီး unique ဖြစ်တဲ့ token နဲ့ အစားထိုး သုံးစွဲတာ ဖြစ်ပါတယ်။ Token ကို အသုံးပြုပြီး ငွေပေးချေတဲ့အခါမှာ ကတ်အချက်အလက်၊ wallet အချက်အလက် အစရှိတာတွေကို တိုက်ရိုက် သိမ်းဆည်ထိတွေ့စရာ မလိုအပ်တော့ပါဘူး။ တစ်ချိန်ချိန်မှာ token အခိုးခံရတာ၊ ပေါက်ကြားတာ ဖြစ်လာခဲ့ရင်လည်း token data တွေဟာ ကတ်၊ wallet တွေရဲ့ အချက်အလက်အစစ်တွေ မဟုတ်တာမို့ ခိုးယူသူလက်ထဲမှာ အသုံးမဝင်ပါဘူး။ Tokenization အလုပ်လုပ်ပုံကတော့ တကယ့် ကတ်၊ wallet နံပါတ်တွေ၊ အချက်အလက်တွေကို issuer  သို့မဟုတ် provider ဆီမှာပဲ

Day 15 – Digital Payment ရဲ့ Tokenization အကြောင်း Read More »

Day 14 – Digital Wallet တွေ ငွေဖြည့်တာ၊ ငွေထုတ်တာ

ငွေဖြည့်ခြင်း (Adding money) Digital wallet တွေကို ငွေဖြည့်တဲ့အခါ  နည်းလမ်း ၃-မျိုးနဲ့ ငွေဖြည့်လို့ရပါတယ်။ ပထမဆုံးနည်းလမ်းက နီးစပ်ရာ wallet agent သို့မဟုတ် အခြားသူတစ်ယောက်ရဲ့ wallet balance ကနေ ငွေထည့်ပေးတာ ဖြစ်ပါတယ်။ နောက်တစ်နည်းက wallet ထဲကို ခွင့်ပြုထားတဲ့ ဘဏ်အကောင့်ကနေ ငွေလွှဲပြီး ထည့်တာဖြစ်ပါတယ်။ နောက်တစ်နည်းက debit ကတ်၊ credit ကတ် အစရှိတဲ့ ကတ်တွေကနေ top-up လုပ်ပြီး ငွေထည့်တာ ဖြစ်ပါတယ်။ ငွေထုတ်ခြင်း (Withdrawing money) Wallet တွေကနေ ငွေထုတ်ဖို့မှာလည်း နည်းလမ်း ၃-မျိုးနဲ့ ထုတ်လို့ရပါတယ်။ ပထမဆုံးနည်းလမ်းက နီးစပ်ရာ wallet agent ကနေ ငွေထုတ်တာပါ။ ‌နောက်တစ်နည်းက

Day 14 – Digital Wallet တွေ ငွေဖြည့်တာ၊ ငွေထုတ်တာ Read More »

Day 13 – ငွေပေးချေမှု အောင်မြင်ပြီးနောက် Merchant တွေ ပိုက်ဆံဘယ်လိုရသလဲ

Digital payment တွေနဲ့ ငွေပေးချေတဲ့အခါမှာ customer က ငွေရှင်းလိုက်တာနဲ့ merchant က ချက်ချင်း ပိုက်ဆံမရပါဘူး။ ဖြတ်သန်းရတဲ့ အဆင့်တွေရှိပါတယ်။ (၁) Payment Capture အဆင့် POS စက်၊ ecommerce app အစရှိသဖြင့်  payment channel တွေကနေ transaction data ကို ရယူပြီး acquirer ဆီ ပို့ပါတယ်။ ပြီးတော့ ချိတ်ဆက်ထားတဲ့ payment network ကနေတစ်ဆင့် issuer ဆီကို ပို့ပေးပါတယ်။ (၂) Authorization အဆင့် Customer အနေနဲ့ ငွေပေးချေနိုင်စွမ်းနဲ့ ငွေပေးချေခွင့် ရှိ၊ မရှိကို issuer က စစ်ဆေးပါတယ်။ ပြီးတော့ “Approved” သို့မဟုတ်

Day 13 – ငွေပေးချေမှု အောင်မြင်ပြီးနောက် Merchant တွေ ပိုက်ဆံဘယ်လိုရသလဲ Read More »

Day 12 – Issuer ၊ Acquirer နဲ့ Payment Scheme ဆိုတာ

ဒီတစ်ခါတော့ ငွေပေးချေမှုတိုင်းမှာ အဓိက ပါဝင်သူတွေဖြစ်တဲ့ issuer  ၊ acquirer နဲ့ payment scheme တွေ အကြောင်းကို ဆက်ပြီး ဖော်ပြပေးလိုက်ပါတယ်။ Issuer သို့မဟုတ် payer’s payment service provider ကတော့ ကတ်၊ wallet ၊ mobile အစရှိသဖြင့် ငွေပေးချေမှုအတွက် အသုံးပြုတဲ့ payment instruments တွေ provide လုပ်ပေးထားတဲ့ ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်ပါတယ်။ ငွေပေးချေမှု transaction တိုင်းမှာ အသုံးပြုနိုင်တဲ့ balance ငွေပမာဏ၊ ကန့်သတ်မှု limits တွေနဲ့၊ fraud rules တွေ၊ account status တွေပေါ်မူတည်ပြီး approve သို့မဟုတ် decline

Day 12 – Issuer ၊ Acquirer နဲ့ Payment Scheme ဆိုတာ Read More »

Scroll to Top