ကတ်နဲ့ ငွေပေးချေတဲ့အခါ merchant အတွက် ကတ်လက်ခံနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ acquirer နဲ့ ကွန်ရက်ပံ့ပိုးပေးသူ card network တွေကနေတဆင့် ကတ်ထုတ်ဝေသူ issuer ဆီ အချက်အလက်တွေ ပို့ဆောင်ပေးပါတယ်။ Issuer ကနေပြီး balance ၊ limits နဲ့ risk အစရှိတာတွေကို စစ်ဆေးပြီး transaction ကို ခွင့်ပြုပေးပါတယ်။
Wallet နဲ့ ငွေပေးချေတာမှာတော့ အကောင့်နံပါတ် ဖုန်းနံပါတ်သုံးပြီး peer-to-peer ငွေပေးချေတာ၊ ငွေပေးချေသူနဲ့ merchant ကြား တူညီတဲ့ wallet provider ကိုပဲ အသုံးပြုလို့ရတဲ့ wallet-specific QR သုံးပြီး ငွေပေးချေတာ၊ မတူညီတဲ့ wallet provider တွေကြား ချိတ်ဆက်ပြီး interoperate လုပ်နိုင်တဲ့ QR standard (ဥပမာ – MMQR) သုံးပြီး ငွေပေးချေတာ အစရှိသဖြင့် ပေးချေကြပါတယ်။
နောက်တစ်ပိုင်းမှာတော့ transaction flow တွေအကြောင်းကို ဆက်ပြီးတော့ ပြောပါမယ်။
“Payments Made Simple” 40-day series day 10 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
