payments

Day 11 – ကတ်၊ Wallet နဲ့  MMQR Transaction Flow စီးဆင်းပုံ

ငွေပေးချေမှုနည်းလမ်းတိုင်းမှာ ပုံမှန်အားဖြင့် request ၊ routing ၊ approval နဲ့ posting ဆိုတဲ့ အဆင့်တွေကို လုပ်ဆောင်ကြရပါတယ်။ ဒီတစ်ခါတော့ ကတ်နဲ့ QR payment တွေအတွက် ယေဘုယျ transaction flow ကို မျှဝေပေးပါမယ်။ (၁) Card Payment Flow Cardholder (Tap/Insert/Swipe) → Merchant POS → Acquirer → Card Network → Issuer ကတ်နဲ့ ငွေပေးချေတဲ့အခါမှာ merchant POS စက်ကနေပြီး transaction request ကို acquirer ဆီ ပို့ပေးပါတယ်။ အဲ့ဒီနောက် acquirer ကနေ card network ကိုဖြတ်ပြီး […]

Day 11 – ကတ်၊ Wallet နဲ့  MMQR Transaction Flow စီးဆင်းပုံ Read More »

Day 10 – Card ၊ Wallet နဲ့ QR Payment များ အကြောင်း

ကတ်နဲ့ ငွေပေးချေတဲ့အခါ merchant အတွက် ကတ်လက်ခံနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ acquirer နဲ့ ကွန်ရက်ပံ့ပိုးပေးသူ card network တွေကနေတဆင့် ကတ်ထုတ်ဝေသူ issuer ဆီ အချက်အလက်တွေ ပို့ဆောင်ပေးပါတယ်။ Issuer ကနေပြီး balance ၊ limits နဲ့ risk အစရှိတာတွေကို စစ်ဆေးပြီး transaction ကို ခွင့်ပြုပေးပါတယ်။ Wallet နဲ့ ငွေပေးချေတာမှာတော့ အကောင့်နံပါတ် ဖုန်းနံပါတ်သုံးပြီး peer-to-peer ငွေပေးချေတာ၊ ငွေပေးချေသူနဲ့ merchant ကြား တူညီတဲ့ wallet provider ကိုပဲ အသုံးပြုလို့ရတဲ့ wallet-specific QR သုံးပြီး ငွေပေးချေတာ၊ မတူညီတဲ့ wallet provider တွေကြား ချိတ်ဆက်ပြီး interoperate လုပ်နိုင်တဲ့

Day 10 – Card ၊ Wallet နဲ့ QR Payment များ အကြောင်း Read More »

Day 9 – တူသလိုလိုနဲ့ ကွဲပြားတဲ့ Void ၊ Refund နဲ့ Reversal တွေအကြောင်း

Void ၊ Refund နဲ့ Reversal transaction အမျိုးအစားတွေ အားလုံးက ငွေပေးချေသူ customer ကို ငွေပြန်ပေးတာချင်း အတူတူပေမယ့် အသုံးပြုရတဲ့ အခြေအနေတွေ မတူညီပါဘူး။ Void transaction အမျိုးအစားကတော့ ငွေပေးချေမှု transaction တစ်ခုအတွက် settled မလုပ်ရသေးတဲ့ အခြေအနေမှာ cancel ပြန်လုပ်တာ ဖြစ်ပါတယ်။ ငွေပေးချေမှု လုပ်ဆောင်တဲ့နေ့နဲ့ void က တစ်ရက်တည်း ဖြစ်လေ့ရှိပြီး settlement လုပ်ပြီးသွားရင်တော့ void ကို အသုံးပြုလို့ မရတော့ပါ။ Refund ကတော့ merchant တွေအနေနဲ့ settlement ပြုလုပ်ပြီး ငွေလက်ခံရရှိပြီးတဲ့ အခြေအနေမှာ အသုံးပြုပါတယ်။ Merchant အနေနဲ့ ပိုက်ဆံကို လက်ခံရရှိပြီး ဖြစ်တဲ့အတွက် void

Day 9 – တူသလိုလိုနဲ့ ကွဲပြားတဲ့ Void ၊ Refund နဲ့ Reversal တွေအကြောင်း Read More »

Day 8 – Payments Failure အများစုဟာ ဒီအချက်တွေကြောင့်ပါ

ငွေပေးချေမှု အများစုမှာ failed ဖြစ်စေတဲ့ အကြောင်းအရင်းက ယေဘုယျအားဖြင့် နည်းနည်းပဲ ရှိတာပါ။ (၁) လက်ကျန်ငွေ မလုံလောက်တာ (၂) PIN နဲ့ OTP တွေ မှားရိုက်မိတာ (၃) ကတ်နံပါတ်၊ CVV နဲ့ expiry တွေ မှားရိုက်မိတာ၊ ကတ်သက်တမ်းကုန်နေတာ (၄) လက်ကျန်ငွေရှိသော်လည်း daily/weekly/monthly နဲ့ transaction limit ပြည့်နေတာ (၅) System တွေကြား connection ပြုတ်နေတာ၊ network ပြဿနာရှိနေတာ (၆) ကတ် ၊ wallet နဲ့ payment အကောင့်တွေ locked/blocked ဖြစ်နေတာ (၇) Fraud rule တွေ၊ risk setting တွေနဲ့

Day 8 – Payments Failure အများစုဟာ ဒီအချက်တွေကြောင့်ပါ Read More »

Day 7 – Clearing နဲ့ Settlement က အတူတူပဲလား

ငွေပေးချေမှုနဲ့ ပတ်သတ်လာရင် clearing နဲ့ settlement ကို အတူတွဲပြီး ပြောကြလေ့ရှိပေမယ့် တစ်ခုတည်း မဟုတ်ပါဘူး၊ clearing ပြီးမှ settlement လုပ်ရတာ ဖြစ်ပါတယ်။ Clearing ဆိုတာကတော့ ဘဏ်တွေ သို့မဟုတ် payment provider တွေကြားမှာ ‌transaction ဆိုင်ရာ၊ ငွေပေးချေမှုဆိုင်ရာ အချက်အလက် data တွေကို ဖလှယ်တဲ့ အဆင့်ဖြစ်ပါတယ်။ ငွေပမာဏ၊ အချိန်၊ merchant ရဲ့ အချက်အလက်၊ ဝန်ဆောင်ခတွေနဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်ပေးရမယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဒီအဆင့်မှာ ငွေကြေးလွှဲပြောင်းမှု မဖြစ်သေးပါဘူး။ အချက်အလက်ဖြစ်တဲ့ data တွေပဲ ဖလှယ်မှာ ဖြစ်ပါတယ်။ Settlement ဆိုတာကတော့ အဲ့ဒီ clearing ကနေ ရလာတဲ့

Day 7 – Clearing နဲ့ Settlement က အတူတူပဲလား Read More »

Day 6 – Online နဲ့ In-Store Payments တွေရဲ့ မတူကွဲပြားပုံ

Online ဖြစ်တဲ့ အင်တာနက်ပေါ်မှာ စျေးဝယ်တာနဲ့ in-store ဖြစ်တဲ့ စျေးဆိုင်မှာ စျေးဝယ်တာတွေမှာ ငွေပေးချေတဲ့အခါ တူသလိုလိုနဲ့ ခြားနားနေတဲ့ နောက်ကွယ်က လုပ်ဆောင်ပုံတွေကို သိထားဖို့ လိုပါတယ်။ စျေးဆိုင်မှာ ကတ်ကို tap လုပ်တာ၊ QR scan ဖတ်တာမျိုးတွေမှာ POS terminal လိုမျိုး physical device ကို အသုံးပြုပါတယ်။ အဲ့ဒီ POS စက်ကနေ card data အစရှိသဖြင့် လိုအပ်တဲ့ အချက်အလက်တွေကို စစ်ဆေးပါတယ်။ အဲ့ဒီနောက် encrypt လုပ်ပြီး acquirer ရဲ့ စနစ်ကနေတဆင့် issuer ဆီကို သက်ဆိုင်ရာ ကွန်ရက်ကနေ အသုံးပြုခွင့် တောင်းခံလိုက်ပါတယ်။ ဝယ်ယူသူကိုယ်တိုင် ဆိုင်မှာရှိနေတာ ဖြစ်တဲ့အတွက် လုပ်ဆောင်ရတာ ရိုးရိုးရှင်းရှင်းပါပဲ။

Day 6 – Online နဲ့ In-Store Payments တွေရဲ့ မတူကွဲပြားပုံ Read More »

Day 5 – ဒီဂျစ်တယ်ငွေပေးချေမှုတိုင်းရဲ့ အဆင့်-၅-ဆင့်

ကတ်၊ QR ၊ wallet ဘယ်ငွေပေးချေမှုနည်းလမ်းမဆို သဘောတရားအားဖြင့် ငွေပေးချေမှုလုပ်ဆောင်တဲ့အခါမှာ အခုပြောပြမယ့် အဆင့်တွေအတိုင်းပဲ အလုပ်လုပ်ပါတယ်။ အဆင့် (၁) – Capture POS စက်မှာ ကတ်ကို tap လုပ်တာ၊ QR ကုဒ်ကို scan ဖတ်တာ၊ payment ခလုတ်နှိပ်လိုက်တာ အစရှိသဖြင့် ပြုလုပ်ပြီး ဝယ်ယူသူဆီက ငွေပေးချေမယ့် အချက်အလက်တွေ ရယူပါတယ်။ အဆင့် (၂) – Route Payment Processor ၊ gateway ၊ switch တို့ကနေတဆင့် ရရှိလာတဲ့ အချက်အလက်တွေကို ကတ်ထုတ်ပေးထားတဲ့ဘဏ်၊ wallet provider အစရှိတဲ့ သက်ဆိုင်ရာဆီကို ပို့ပေးလိုက်ပါတယ်။ အဆင့် (၃) – Decide ငွေပေးချေသူ

Day 5 – ဒီဂျစ်တယ်ငွေပေးချေမှုတိုင်းရဲ့ အဆင့်-၅-ဆင့် Read More »

Day 4 – ဘဏ်၊ Payment Provider နဲ့ Aggregator တွေ ဘာကွာသလဲ

ဘဏ်တွေ၊ payment provider တွေနဲ့ aggregator တွေဟာ ငွေပေးချေမှုလုပ်ငန်းစဉ်မှာ  အတူတကွ ပါဝင်ကြရပေမယ့် သူတို့ရဲ့ လုပ်ဆောင်ပုံတွေ မတူညီကြပါဘူး။ ဘဏ်တွေကတော့ အသုံးပြုသူတွေရဲ့ ငွေကြေးကို အမှန်တကယ် ထိန်းသိမ်းထားရသူ၊ ဘဏ်ကောင့်တွေကို စီမံခန့်ခွဲသူ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ငွေကြေးကို အမှန်တကယ် ထိန်းချုပ်ထားတာ ဘဏ်တွေဖြစ်ပါတယ်။ Payment provider (gateway, PSPs, QR operator, wallet operators) တွေကတော့ merchant သို့မဟုတ် app တွေနဲ့ ဘဏ်စနစ်တွေကို ချိတ်ဆက်ပေးဖို့၊ ငွေပေးချေမှုဆိုင်ရာ အချက်အလက်တွေ ဖလှယ်ပေးဖို့ အစရှိသဖြင့် လုပ်ဆောင်ကြပါတယ်။ Aggregator တွေကတော့ payment provider ထဲမှာပါဝင်ပြီး merchant တွေအတွက် payment service အမျိုးမျိုးကို

Day 4 – ဘဏ်၊ Payment Provider နဲ့ Aggregator တွေ ဘာကွာသလဲ Read More »

Day 3 – Wallet Balance နဲ့ Bank Balance တွေရဲ့ မတူညီမှု

Wallet အကောင့်တွေနဲ့ ဘဏ်အကောင့်တွေဟာ အကောင့်ထဲမှာ ငွေသိမ်းဆည်းထားနိုင်တာမှာ တူညီပေမယ့် အလုပ်လုပ်ပုံခြင်းတော့ လုံးဝ မတူပါဘူး။ Bank Balance ဆိုတာ သက်ဆိုင်ရာ ဘဏ်ရဲ့ငွေစာရင်းအကောင့်မှာ အပ်နှံထားတဲ့ ငွေကြေးဖြစ်ပါတယ်။ ဘဏ်ငွေစာရင်းအကောင့်နဲ့ ချိတ်ဆက်ထားတဲ့ internet banking ၊ mobile banking တို့ကနေ ငွေပေးချေလိုက်လိုက်တဲ့အခါ ဘဏ်က အပ်နှံထားတဲ့အကောင့်ရဲ့ လက်ကျန်ငွေကို တိုက်ရိုက်စစ်ဆေးပြီး “လက်ခံတယ်” (approve) သို့မဟုတ် “ငြင်းပယ်တယ်” (decline) ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ Wallet Balance ဆိုတာကတော့ wallet ဝန်ဆောင်မှုပေးသူ (wallet provider) ရဲ့ စနစ်ထဲမှာ သိမ်းဆည်းထားတဲ့တန်ဖိုး (stored value) သာ ဖြစ်ပါတယ်။ ကြိုတင်ဖြည့်သွင်းထားတဲ့ငွေ သို့မဟုတ် အခြားငွေကြေး source တစ်ခုခုနဲ့

Day 3 – Wallet Balance နဲ့ Bank Balance တွေရဲ့ မတူညီမှု Read More »

Day 2 – ဒီဂျစ်တယ်ငွေပေးချေမှုတွေရဲ့ Money Movement သဘောတရား

ဒီဂျစ်တယ်ငွေပေးချေမှုတွေ ပြုလုပ်တဲ့အခါ သာမန်အားဖြင့် ငွေပေးချေလိုက်တာနဲ့ ချက်ချင်း ပြီးသွားတယ်လို့ ထင်ရပါတယ်။ တကယ်တမ်းကျတော့ ကတ်နဲ့ tap လုပ်လိုက်တာ၊ QR scan ဖတ်လိုက်တာ၊ payment button ကို နှိပ်လိုက်တာနဲ့ ငွေက ကုန်သည် (merchant) ဆီကို ချက်ချင်း ရွှေ့ပြောင်းသွားတာ မဟုတ်ပါဘူး။ ငွေပေးချေမှု transaction တိုင်းမှာ အသုံးပြုလိုက်တဲ့ ငွေပေးချေမှုနည်းလမ်း (POS terminal ၊ QR/wallet app ၊ ecommerce website/app အစရှိသဖြင့်) ကနေ အချက်အလက်တွေကို payment processor ဆီ ပို့လိုက်ပါတယ်။ Processor က စစ်ဆေးပြီး ငွေပေးချေသူရဲ့ဘဏ် သို့မဟုတ် သက်ဆိုင်ရာ provider ဆီကို ဆက်ပြီး ပေးပို့လိုက်ပါတယ်။

Day 2 – ဒီဂျစ်တယ်ငွေပေးချေမှုတွေရဲ့ Money Movement သဘောတရား Read More »

Scroll to Top