ဘဏ်တွေ၊ payment provider တွေနဲ့ aggregator တွေဟာ ငွေပေးချေမှုလုပ်ငန်းစဉ်မှာ အတူတကွ ပါဝင်ကြရပေမယ့် သူတို့ရဲ့ လုပ်ဆောင်ပုံတွေ မတူညီကြပါဘူး။
ဘဏ်တွေကတော့ အသုံးပြုသူတွေရဲ့ ငွေကြေးကို အမှန်တကယ် ထိန်းသိမ်းထားရသူ၊ ဘဏ်ကောင့်တွေကို စီမံခန့်ခွဲသူ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ငွေကြေးကို အမှန်တကယ် ထိန်းချုပ်ထားတာ ဘဏ်တွေဖြစ်ပါတယ်။
Payment provider (gateway, PSPs, QR operator, wallet operators) တွေကတော့ merchant သို့မဟုတ် app တွေနဲ့ ဘဏ်စနစ်တွေကို ချိတ်ဆက်ပေးဖို့၊ ငွေပေးချေမှုဆိုင်ရာ အချက်အလက်တွေ ဖလှယ်ပေးဖို့ အစရှိသဖြင့် လုပ်ဆောင်ကြပါတယ်။
Aggregator တွေကတော့ payment provider ထဲမှာပါဝင်ပြီး merchant တွေအတွက် payment service အမျိုးမျိုးကို တစ်နေရာတည်းမှာ စုစည်းချိတ်ဆက်နိုင်ဖို့ စနစ်ထောက်ပံ့ ပေးထားတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Merchant တွေအနေနဲ့ ဘဏ်တွေ၊ payment provider တွေ အများကြီးကို တစ်ခုချင်း ချိတ်ဆက်နေစရာမလိုဘဲ aggregator ကို ချိတ်ဆက်လိုက်တာနဲ့ မတူညီတဲ့ ငွေပေးချေမှုနည်းလမ်းတွေကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။ Integration နဲ့ onboarding လုပ်ရာမှာ single point of connection ကိုပဲ ချိတ်ဆက်ဖို့ လိုအပ်တော့မှာဖြစ်လို့ အချိန်ကုန်၊ ငွေကုန် သက်သာသွားစေပါတယ်။
ဒီလောက်ဆိုရင်တော့ payment ecosystem တွေထဲမှာ ဘယ်သူက ဘာတာဝန်ယူထားရသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ။
“Payments Made Simple” 40-day series day 4 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
