ကတ်၊ QR ၊ wallet ဘယ်ငွေပေးချေမှုနည်းလမ်းမဆို သဘောတရားအားဖြင့် ငွေပေးချေမှုလုပ်ဆောင်တဲ့အခါမှာ အခုပြောပြမယ့် အဆင့်တွေအတိုင်းပဲ အလုပ်လုပ်ပါတယ်။
အဆင့် (၁) – Capture
POS စက်မှာ ကတ်ကို tap လုပ်တာ၊ QR ကုဒ်ကို scan ဖတ်တာ၊ payment ခလုတ်နှိပ်လိုက်တာ အစရှိသဖြင့် ပြုလုပ်ပြီး ဝယ်ယူသူဆီက ငွေပေးချေမယ့် အချက်အလက်တွေ ရယူပါတယ်။
အဆင့် (၂) – Route
Payment Processor ၊ gateway ၊ switch တို့ကနေတဆင့် ရရှိလာတဲ့ အချက်အလက်တွေကို ကတ်ထုတ်ပေးထားတဲ့ဘဏ်၊ wallet provider အစရှိတဲ့ သက်ဆိုင်ရာဆီကို ပို့ပေးလိုက်ပါတယ်။
အဆင့် (၃) – Decide
ငွေပေးချေသူ (payer’s side) ရဲ့ စနစ်ကနေပြီး လက်ကျန်ငွေ၊ အသုံးပြုခွင့် ကန့်သတ်ချက်နဲ့ သံသယဖြစ်စရာ fraud ဖြစ်နိုင်ခြေရှိမရှိ စစ်ဆေးပြီး ငွေပေးချေမှုကို လက်ခံမယ်၊ လက်မခံဘူး ဆုံးဖြတ်ပေးပါတယ်။
အဆင့် (၄) – Confirm
အဲ့ဒီ ဆုံးဖြတ်ချက်ကို merchant ဆီကို ချက်ချင်း ပြန်ပို့ပေးလိုက်ပါတယ်။ ငွေပေးချေသူအတွက် ပေးချေတာ အောင်မြင်ခဲ့ရင် ဒီအဆင့်မှာ merchant ဆီကနေ ဝန်ဆောင်မှု ရရှိမှာ ဖြစ်ပါတယ်။
အဆင့် (၅) – Settle
Merchant အနေနဲ့ အမှန်တကယ် ငွေလက်ခံရရှိဖို့ကတော့ settlement ပြုလုပ်ပြီး စာရင်းရှင်းပြီးတဲ့ အခါမှာမှ ချိတ်ဆက်ထားတဲ့ payment provider ဆီကနေ လက်ခံရရှိမှာပါ။
ဒီဂျစ်တယ်ငွေပေးချေမှုနည်းစနစ်တိုင်းလိုလိုမှာ ဒီအဆင့်သဘောတရားတွေအတိုင်း လုပ်ဆောင်တာမို့ အခုအဆင့်တွေနဲ့ သဘောတရားကို သိထားရင် စနစ်တိုင်းကို လွယ်ကူစွာ နားလည်နိုင်ပါလိမ့်မယ်။
“Payments Made Simple” 40-day series day 5 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
