Day 31 – Financial Institution တွေမှာ စစ်တဲ့ KYC/KYB တွေ အကြောင်း

KYC (Know Your Customer) နဲ့ KYB (Know Your Business) တွေကတော့ ငွေကြေးအဖွဲ့အစည်းတွေဆီကနေ ဝန်ဆောင်မှု ရယူအသုံးပြုမယ့် customer နဲ့ merchant တွေရဲ့ အချက်အလက်တွေကို စစ်ဆေးအတည်ပြုတဲ့ process ဖြစ်ပါတယ်။

အချက်အလက်တွေကို စစ်ဆေးတဲ့အခါမှာ တစ်ကိုယ်ရေအချက်အလက်၊ လုပ်ငန်းဆိုင်ရာ အချက်အလက်တွေသာမက အစိုးရက ထုတ်ပေးထားတဲ့ မှတ်ပုံတင်၊ ၊ လုပ်ငန်းလိုင်စင်လို စာရွက်စာတမ်းအထောက်အထားတွေကိုလည်း စစ်ဆေးကြပါတယ်။ ပြီးတော့ watchlist လို စောင့်ကြည့်စာရင်းမှာပါသလား၊ sanction ထိထားသလား၊ PEP စာရင်းထဲမှာပါနေသလား အစရှိသဖြင့် စစ်ဆေးအတည်ပြုကြပါတယ်။

သတ်မှတ်ထားတဲ့ KYC/KYB process တွေ စစ်ဆေးအတည်ပြုပြီးမှ ဝန်ဆောင်မှုကို အသုံးပြုခွင့်ပေးမှာပါ။ KYC/KYB တွေကြောင့် onboarding လုပ်ရာမှာ အဆင့်တွေများသွားပေမယ့် compliance ဖြစ်စေဖို့၊ risk တွေကို ကာကွယ်ဖို့အတွက် မဖြစ်မနေ လုပ်ကြရပါတယ်။ KYC/KYB ကို စစ်ဆေးပြီး လိမ်လည်မှု fraud တွေ၊ ငွေကြေးခဝါချမှု money laundering တွေ၊ ခွင့်မပြုထားတဲ့ လူပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ငွေကြေးစနစ်ထဲကို ရောက်မလာစေဖို့ ကာကွယ်ကြပါတယ်။

(40-day “Payments Made Simple” series ရဲ့ day 31 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top