Day 39 – Payment System ၏ KPI များ တိုင်းတာခြင်း

အခြားလုပ်ငန်းနယ်ပယ်တွေမှာလိုပဲ payment system တွေမှာလည်း Key Performance Indicator (KPI) တွေ အသုံးပြုပြီး performance တွေတိုင်းတာကြပါတယ်။ KPI ရလဒ်ပေါ်မူတည်ပြီး လိုအပ်တဲ့ technical enhancement တွေ၊ operational changes ပြုလုပ်ကြရပါတယ်။ အသုံးပြုသင့်တဲ့ KPIs တွေထဲက ၅ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ငွေပေးချေမှု အောင်မြင်မှုနှုန်း (Authorization Rate)

  • တွက်နည်း။ ။ (Approved ဖြစ်တဲ့ Transaction ÷ စုစုပေါင်း Transaction) × ၁၀၀
  • ဥပမာ – အကြိမ် ၁,၀၀၀ မှာ ၈၅၀ အောင်မြင်ရင် ၈၅% အောင်မြင်တာပေါ့။

(၂) စနစ်တည်ငြိမ်မှုနှုန်း (System Availability)

  • တွက်နည်း။ ။ (System run/up ဖြစ်နေတဲ့ မိနစ် ÷ စုစုပေါင်း ကြာချိန် မိနစ်) × ၁၀၀
  • ဥပမာ – ၄၃,၂၀၀ မိနစ် (၁လ) မှာ ၄၁,၇၆၀ မိနစ် run နိုင်ရင် uptime ၉၆.၆၇% ပေါ့။

(၃) Chargeback/Dispute တက်နှုန်း (Chargeback/Dispute Ratio)

  • တွက်နည်း။ ။ (Chargeback အရေအတွက် ÷ Transaction စုစုပေါင်း) × ၁၀၀
  • ဥပမာ – Transaction ၁၀,၀၀၀ မှာ chargeback အကြောင်း ၅၀ တက်ရင် ၀.၅%ပေါ့။

(၄) အမှန်တကယ်ရောင်းရနှုန်း (Sales Conversion Rate)

  • တွက်နည်း။ ။ (ဝယ်ယူမှူ အောင်မြင်သူ စုစုပေါင်း ÷ Checkout page ရောက်လာသူ စုစုပေါင်း) × ၁၀၀
  • ဥပမာ – လူ ၁,၀၀၀ checkout page ကိုရောက်လာပြီး လူ ၂၀၀ ဝယ်သွားရင် ၂၀% ပေါ့။

(၅) Fraud ဖြစ်ပွားမှုနှုန်း (Fraud Rate)

  • တွက်နည်း။ ။ (Fraud ကြောင့် ဆုံးရှုံးငွေ စုစုပေါင်း ÷ ရောင်းရငွေ စုစုပေါင်း) × ၁၀၀
  • ဥပမာ – သိန်းတစ်ရာဖိုး ရောင်းရပြီး ၁သိန်းဖိုး ဆုံးရှုံးမှုရှိရင် ၁% ပေါ့။

(40-day “Payments Made Simple” series ရဲ့ day 39 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top