Day 22 – Card Payments အတွက် သိထားရမယ့် ISO 8583 Data Element များ

Card payment အတွက် မဖြစ်မနေ သိထားရမယ့် ISO 8583 data element fields တွေကတော့

[DE 2] Primary Account Number (PAN) – ကတ်နံပါတ် ဖြစ်ပါတယ်။ Visa ၊ Mastercard ၊ MPU အစရှိသဖြင့် ကတ် brand နဲ့ ကတ်ထုတ်ပေးထားတဲ့ issuer ကို ခွဲခြားသိနိုင်စေပါတယ်။

[DE 3] Processing Code – Purchase လား၊ refund လား၊ withdrawal လား အစရှိသဖြင့် transaction အမျိုးအစားကို ခွဲခြားပေးတဲ့ 6 digit ကုဒ်ဖြစ်ပါတယ်။

[DE 4] Transaction Amount – အသုံးပြုလိုက်တဲ့ ငွေပမာဏ ဖြစ်ပါတယ်။ Issuer ၊ acquirer နဲ့ card scheme တွေကြားမှာ တူညီနေဖို့လိုအပ်ပြီး reconciliation အတွက် အရေးကြီးပါတယ်။

[DE 11] System Trace Audit Number (STAN) – ATM ၊ POS အစရှိတဲ့ terminal တွေကနေ သတ်မှတ်ပေးတဲ့ trace number ဖြစ်ပြီး 6 digit နံပါတ်တွဲ ဖြစ်ပါတယ်။

[DE 18] Merchant Category Code (MCC) – Retail လား၊ travel လား အစရှိသဖြင့် merchant ရဲ့ business အမျိုးအစားကို ခွဲခြားဖို့သုံးတဲ့ 4 digit ကုဒ်ဖြစ်ပါတယ်။

[DE 37] Retrieval Reference Number (RRN) – Acquirer ကနေ ထုတ်ပေးတဲ့ transaction အတွက် unique reference ဖြစ်ပြီး 12 characters ပါဝင်တဲ့ ကုဒ်ဖြစ်ပါတယ်။

[DE 39] Response Code – Transaction တစ်ခု approved ဖြစ်တယ်၊ ဘာကြောင့် rejected ဖြစ်တယ်ဆိုတဲ့ result ကို ဖော်ပြပေးတဲ့ 2 digit ကုဒ်ဖြစ်ပါတယ်။

[DE 41] Card Acceptor Terminal ID (TID) – အသုံးပြုတဲ့ ATM ၊ POS အစရှိတဲ့ terminal ရဲ့ ID ကို ဖော်ပြပါတယ်။

[DE 42] Card Acceptor Identification Code (MID) – အသုံးပြုတဲ့ merchant ရဲ့ ID ကို ဖော်ပြပါတယ်။

[DE 49] Transaction Currency Code – Transaction ပြုလုပ်တဲ့ currency ကို ဖော်ပြပါတယ်။

“Payments Made Simple” 40 day series – day 22 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top