Payment System တွေဟာ ငွေကြေးဝန်ဆောင်မှုနယ်ပယ် ဖြစ်တာကြောင့် 99.99% uptime ဖြစ်နေအောင် စီစဉ်ထားသင့်ပါတယ်။ ခဏတာ system outages ဖြစ်သွားခဲ့ရင်တောင် အသုံးပြုသူ customer တွေ၊ ချိတ်ဆက်ထားတဲ့ merchant တွေနဲ့ partner တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် လုပ်ဆောင်လေ့ရှိတာတွေကတော့
(၁) System တွေ၊ server တွေ၊ network တွေနဲ့ transaction အခြေအနေတွေကို monitor လုပ် စောင့်ကြည့်ပါတယ်။ Dashboard တွေကနေ system တွေသာမက transaction အရေအတွက်တွေ၊ success rates တွေ၊ error codes တွေ၊ response times တွေ အစရှိသဖြင့် စောင့်ကြည့်ပြီး ပုံမှန်မဟုတ်ဘဲ အခြေအနေတွေကို ချက်ချင်း သိနိုင်အောင် စီစဉ်ထားကြပါတယ်။
(၂) Alerts တွေ၊ thresholds တွေ သတ်မှတ်ထားပြီး ထူးခြားတဲ့ အခြေအနေတွေမှာ ချက်ချင်း သိရအောင် လုပ်ပါတယ်။ System မှာ issuer တစ်ခုခုဖြစ်တာ၊ process တွေ ပုံမှန် အလုပ်မလုပ်တာ၊ decline တွေ အများကြီး တက်လာတာ အစရှိတဲ့ အခြေအနေတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ alert တွေ auto ပို့ပေးနိုင်အောင် စီစဉ်ထားကြပါတယ်။
(၃) Backup system တွေ၊ server တွေ၊ network တွေ ထားရှိတာပါ။ အရေးကြီးတဲ့ system တိုင်းမှာ backups တွေ ရှိကြပါတယ်။ System တွေ၊ server တွေ၊ network တွေ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တဲ့အခါနဲ့ maintenance လုပ်တဲ့အခါတွေမှာ backups system, server, network တွေ အသုံးပြုပြီးတော့ operation ကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်စေပါတယ်။
(၄) သက်ဆိုင်ရာ system တွေ၊ server တွေ၊ network တွေကို ပုံမှန် စစ်ဆေးမှု health checks တွေ လုပ်ပါတယ်။ စစ်ဆေးမှုတွေကြောင့် လက်ရှိဖြစ်နေတဲ့ issue တွေ၊ မကြာခင်မှာ ဖြစ်လာနိုင်တဲ့ issue တွေသာမက maintenance လိုအပ်နေတဲ့ အခြေအနေတွေကိုပါ စောစောစီးစီး သိရပြီး ပြဿနာမဖြစ်ခင် ကြိုတင်ဖြေရှင်းနိုင်စေပါတယ်။
(40-day “Payments Made Simple” series ရဲ့ Day 40 နောက်ဆုံး post ဖြစ်ပါတယ်။ ဒီ series မှာ တိုတိုနဲ့ ဖတ်ရလွယ်ကူအောင် ရေးထားတာရယ်၊ မတူညီတဲ့ ငွေပေးချေမှုပုံစံတွေကို cover ဖြစ်အောင် ရေးထားတာရယ်ကြောင့် payment instrument တစ်ခုချင်းစီအလိုက် ကွာခြားချက်တွေတော့ ရှိပါလိမ့်မယ်။ ဒီ series လေးက အားလုံးအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။)
