Online ဖြစ်တဲ့ အင်တာနက်ပေါ်မှာ စျေးဝယ်တာနဲ့ in-store ဖြစ်တဲ့ စျေးဆိုင်မှာ စျေးဝယ်တာတွေမှာ ငွေပေးချေတဲ့အခါ တူသလိုလိုနဲ့ ခြားနားနေတဲ့ နောက်ကွယ်က လုပ်ဆောင်ပုံတွေကို သိထားဖို့ လိုပါတယ်။
စျေးဆိုင်မှာ ကတ်ကို tap လုပ်တာ၊ QR scan ဖတ်တာမျိုးတွေမှာ POS terminal လိုမျိုး physical device ကို အသုံးပြုပါတယ်။ အဲ့ဒီ POS စက်ကနေ card data အစရှိသဖြင့် လိုအပ်တဲ့ အချက်အလက်တွေကို စစ်ဆေးပါတယ်။ အဲ့ဒီနောက် encrypt လုပ်ပြီး acquirer ရဲ့ စနစ်ကနေတဆင့် issuer ဆီကို သက်ဆိုင်ရာ ကွန်ရက်ကနေ အသုံးပြုခွင့် တောင်းခံလိုက်ပါတယ်။ ဝယ်ယူသူကိုယ်တိုင် ဆိုင်မှာရှိနေတာ ဖြစ်တဲ့အတွက် လုပ်ဆောင်ရတာ ရိုးရိုးရှင်းရှင်းပါပဲ။
အင်တာနက်ပေါ်မှာ စျေးဝယ်တာကျတော့ ecommerce website နဲ့ app တွေကနေတဆင့် card ၊ wallet အချက်အလက် စတာတွေကို ရယူပြီး လုပ်ဆောင်ရပါတယ်။ ငွေပေးချေသူက ဆိုင်မှာ လူကိုယ်တိုင်ရှိနေတာ မဟုတ်တဲ့အတွက် ဆုံးရှုံးနိုင်ခြေ risk နည်းစေဖို့ OTP ၊ 3D Secure နဲ့ device check တာလို အတည်ပြုနည်းလမ်းတွေကို ထပ်ဆောင်း အသုံးပြုကြရပါတယ်။ Online စနစ်တွေဖြစ်လို့ IP address ၊ browser အမျိုးအစားနဲ့ transaction patterns တွေကိုပါ ထည့်သွင်းစစ်ဆေးလေ့ ရှိကြပါတယ်။
နောက်အဆင့်မှာတော့ online ပဲဖြစ်ဖြစ် in-store ပဲဖြစ်ဖြစ် ငွေပေးချေမှုကို issuer ၊ wallet provider အစရှိတဲ့ payer’s side မှ provider ကနေပြီး အသုံးပြုခွင့်ပြုတယ်၊ မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချပေးခြင်း authorization ကို လုပ်ပါတယ်။ Authorization ရလဒ်ပေါ်မူတည်ပြီး merchant ဆီကို ငွေကြေးလွှဲပြောင်းပေးဖို့ လုပ်ဆောင်ရတဲ့ clearing နဲ့ settlement process ကို လုပ်ဆောင်ပါတယ်။ ဒီအဆင့်တွေမှာတော့ online ပဲ ဖြစ်ဖြစ် in-store ပဲ ဖြစ်ဖြစ် အတူတူပါပဲ။
“Payments Made Simple” 40-day series day 6 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
