ငွေပေးချေမှု အများစုမှာ failed ဖြစ်စေတဲ့ အကြောင်းအရင်းက ယေဘုယျအားဖြင့် နည်းနည်းပဲ ရှိတာပါ။
(၁) လက်ကျန်ငွေ မလုံလောက်တာ
(၂) PIN နဲ့ OTP တွေ မှားရိုက်မိတာ
(၃) ကတ်နံပါတ်၊ CVV နဲ့ expiry တွေ မှားရိုက်မိတာ၊ ကတ်သက်တမ်းကုန်နေတာ
(၄) လက်ကျန်ငွေရှိသော်လည်း daily/weekly/monthly နဲ့ transaction limit ပြည့်နေတာ
(၅) System တွေကြား connection ပြုတ်နေတာ၊ network ပြဿနာရှိနေတာ
(၆) ကတ် ၊ wallet နဲ့ payment အကောင့်တွေ locked/blocked ဖြစ်နေတာ
(၇) Fraud rule တွေ၊ risk setting တွေနဲ့ ငြိနေတာ၊ သံသယဖြစ်ခံရတာ
(၈) Merchant နဲ့ terminal setup တွေ၊ configuration တွေ မှားယွင်းနေတာ
များသောအားဖြင့် ဒီအကြောင်းအရာတွေကြောင့်ပဲ ဖြစ်လေ့ရှိပါတယ်။ ငွေပေးချေမှုတွေကို စစ်ဆေးရတဲ့အခါ ဒီအချက်တွေကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဒါဆို ပြဿနာတော်တော်များများမှာ technical detailed အထိ စစ်ဖို့ မလိုအပ်တော့ဘဲ များသောအားဖြင့် customer service နဲ့ 1st level support မှာတင် အလွယ်တကူ ဖြေရှင်းနိုင်ပါလိမ့်မယ်။
“Payments Made Simple” 40-day series day 8 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
